2

6.7K 542 19
                                    

Unicode

"မင်း ဖယ်လိုက်တော့ "

ထိုလူကြီးက လှမ်းပြောတော့
သူမ က အကြည့်တစ်ချက် နဲ့ ခေါင်းဆတ်ပြသည် ။ သွားလိုက်တော့ ဆိုတဲ့ အကြည့်နဲ့ ရိုင်းစိုင်းလွန်းလှတာမို့ နွယ်  ဒေါသ ထွက်နေသလောက် အနီက မတုန်လှုပ် ။

"အဲ့လူကြီးပေးထားတာထက် ၁၀ ဆ ပေးမယ် "

အနီ့ဆီက စကားမှာ ပိုက်ဆံအကြောင်း ပါတော့
သူမမျက်ဝန်းတွေ တစ်ချက် လက်သွားတာ မြင်လိုက်ရတော့ နွယ် သူမ ကို ရွံရှာ ချင်သလိုလိုတောင် ဖြစ်သွားရသည် ။ လူတစ်ယောက်ကို အဲ့လိုမျိုး ပထမဆုံး အကြိမ် သဘောထားမိတဲ့အတွက် နွယ် ကိုယ့်ဘာသာတောင် အပြစ်တင်မိပြန်တာမို့ ဒီနေရာကနေ မြန်မြန် ထွက်သွားတော့မှ ဖြစ်တော့မည် ။

"အနီ သွားရအောင် "

"အနီ .. မင်း နာမည်က အနီ လား "

ခုနကအထိ တစ်ချက်လေးတောင်မှ လှည့်မကြည့်ခဲ့ပေမယ့် အနီ့နာမည်ကိုတော့ အရေးတယူ လုပ်ပြီး မေးနေသေးသည် ။

"မင်းက အနီ့ကို သိလို့လား "

အနီ့ ကို ကြည့်လိုက်တော့ တစ်စုံတစ်ရာကိုမျှာ်လင့်နေဟန် ၊ ဘာကိုမျှော်လင့်နေမှန်းတော ခန့်မှန်းလို့ကိုမရ ။

"မသိဘူး
ငါနဲ့တွေ့ဖူးတဲ့ လူတစ်ယောက်ဆီက ကြားဖူးတာ ထင်တယ် သေချာတော့ မမှတ်မိဘူး မင်းတို့ မြင်တဲ့အတိုင်း ငါ့အခြေအနေ က လူတိုင်း ကို လိုက်မှတ်မိထားဖို့လည်း မလွယ်ဘူးလေ Sorry "

အနီ့ရဲ့ ပုံသေမျက်နှာထားကနေ စိတ်ပျက်ဟန် ကူးပြောင်းသွားသည် ။

"အဲ့လို မိန်းမ မျိုး ကိုငါ ဘာမျှော်လင့်နေတာလဲ
နွယ် လာ သွားရအောင် ဒီလိုနေရာမျိုးမှာ နေရတာကို မသတီချင်စရာပဲ "

"အနီ "

နွယ် စိတ်ထဲလည်း အဲ့လို မသတီတာမျိုး ခံစားနေရပေမယ့် အနီ က ထိုကဲ့သို့ ပြောချလိုက်တာကိုလည်း အားနာနေမိရပြန်ကာ အသံခပ်ကြိတ်ကြိတ်နဲ့ တားလိုက်မိသည် ။

သို့သော် ထိုကဲ့သို့သော စကားမျိုးကိုတောင် ထို မိန်းကလေးကတော့ မျက်နှာ တစ်ချက်မပျက်ပဲ
အနီ့ မျက်ဝန်းတွေကိုသာ ပြန်လည်စူးစိုက်ကြည့်နေခဲ့သည်။
သို့သော် ခနတာမျှတာ ဖြစ်လေသည် ။
အကြည့်တွေကို နောက်တစ်ခါ ရှောင်လွှဲသွားပြန်ကာ ဟိုလူကြီးကိုသာ ကလူ၏မြူ၏ လုပ်နေပြန်လေသည် ။

The Red Soul Where stories live. Discover now