3

5.9K 576 44
                                    


Unicode


"ဒါ ငါ့အိမ် "

"တစ်ယောက်တည်းနေတာပေါ့ "

"ဘယ်သူ့ကို ထပ်မြင်သေးလို့လဲ "

မေးမိသည်ကပင် Two ရဲ့ အမှား ဖြစ်သည် ။
နွယ် ဆိုတဲ့ မိန်းကလေးက ဒီအိမ်အထိလိုက်ပို့ပေးပြီးသည်နှင့်တပြိုင်နက် Two နှင့် အမိုးတစ်ခုအောက်မှာ ခဏလေးသော်မျှ အတူမနေလိုသည့် ပုံစံနှင့်ပင် အလောတကြီး ပြန်ထွက်သွားကာ ထိုအိမ်တွင် အနီရင့် နှင့် two သာ ကျန်ခဲ့သည်လေ ။

အနီရင့် က အနည်းငယ်တော့ ကြီးကြီးကျယ်ကျယ်နိုင်သည့် ကောင်မလေးတစ်ယောက်ပါပေ။ တစ်ယောက်တည်း နေထိုင်သည့် နေအိမ်ကပင် ခြံဝင်းက အရမ်းအကျယ်ကြီး မဟုတ်ပေမယ့်
အိမ်ကြီးကတော့ ကြီးကျယ်လွန်းသည်ဟု Two ထင်မိသည် ။ ကြီးတဲ့အပြင် လူပိုမရှိသည့်အတွက် တိတ်ဆိတ်ပြီး အေးစက်မှုတစ်မျိုးကိုပါ အငွေ့အသက်ရနေ၏ ။

"ဒါ မင်းရဲ့ အခန်း မင်း ဒီမှာပဲ နေရမယ်
မင်း လိုအပ်သမျှ ဘာအသုံးအဆောင်ပဲတောင်းတောင်း ငါ ဝယ်ပေးနိုင်တယ် ငါ ခေါ်တဲ့အချိန်တိုင်း ငါလိုအပ်တိုင်း ငါ့အနားမှာ ရှိနေရင် ရပြီ အဆင်ပြေ ရဲ့လား "

အနီက ပြောနေရင်းနှင့် အနီခေါ်လာခဲ့သော ထိုသူမ ကို တိတ်တဆိတ်အကဲခတ်လိုက်မိသည် ။
အခန်းကျယ်ကြီးရယ် ခမ်းနားတဲ့ အပြင်အဆင်တွေကို ဝေ့ကြည့်လိုက်ပေမယ့် သူမ မျက်လုံးထဲမှာ ဘာတပ်မက်မှုမှ မပါဝင် သူမဟာ ဘယ်လို မိန်းမမျိုးပါလဲ ။

"ငါက ပိုက်ဆံပဲ လိုချင်တာ "

တော်တော်ကို ငွေမက်တဲ့ မိန်းမ အမျိုးအစားဆိုတာ တစ်ချက်တစ်ချက် အနီ သတိလက်လွှတ် ဖြစ်သွားတာပဲ ဖြစ်မည် ။

"ဟုတ်သားပဲ  တစ်ပတ်ပြည့်တိုင်း တစ်ခါ အနီ စိတ်ကျေနပ်အောင် နေတတ်ရင် ပေးမယ်လေ amount ကတော့ Two ကျေနပ်လောက်တဲ့အထိ "

"ပြီးရောလေ"

စကားပြောစရာကုန်သွားပြီဟု သူမဘာသာပဲ သတ်မှတ်ကာ ကုတင်အကျယ်ကြီးပေါ်ကို ပစ်လှဲချလိုက်ပုံက မသိရင်ပဲ သူမ အရမ်း ပင်ပန်းနေတဲ့ပုံစံမျိုး ။

"ရေချိုးလိုက်အုံး ဘေးမှာ ရေချိုးခန်းလည်း ရှိတယ် "

"အင်း"

The Red Soul Where stories live. Discover now