13

4.3K 436 13
                                    

Unicode

"ငါ အိမ်ပြန်တော့မယ် "

"နေပါအုံး
ဟိုဆရာဝန်လေး ယူလာမယ့် အအေးလေး သောက်ပါရစေအုံး "

"နင်နေခဲ့ "

တစ်ဖက်လူ ဘယ်လို ဖြစ်ကျန်ခဲ့မလဲ ဆိုတာလည်း ဂရုမစိုက်တတ်ပဲ သူမ ဖြစ်ချင်တာပဲ ဂရုစိုက်တတ်တဲ့ အနီ့ ကို နွယ် စိတ်ဆိုးချင်သည် ။ ဒါပေမယ့် ဒါဟာ အနီ့ ပုံစံပဲ ဆိုပြီး တွေးမိတဲ့အခါ စိတ်မဆိုးတတ်တော့ပြန် ။ နွယ်လည်း အနီ့ အနားမှာ နေတာကြာပြီး ထုံနေပြီထင်ပါရဲ့ ။

**

"ခင်ပိုးဖြူ"

ထိုအခန်းရှေ့ကို အနီ နောက်တစ်ကြိမ် ပြန်ဖြတ်ဖြစ်တော့ ထိုနာမည်လေးကို နှုတ်ကနေ အသံထွက် ရေရွတ်မိသည် ။နာမည်လေးကလည်း အေးချမ်းသည် ။ မှန်တံခါးကနေ မြင်နေရတဲ့ အိပ်မောကျနေသည့် ပုံစံလေးကလည်း အေးချမ်းသည် ။
ဘာတွေ ပူလောင်နေမှန်း မသိတာက အနီ တစ်ယောက် သာ ။

"ဟင် .. အနီ ပြန်တော့မလို့လား "

"ဟုတ်တယ် Doctor ၊ အိမ်မှာ လုပ်စရာလေးပေါ်လာလို့"

" ကျွန်တော် လိုက်ပို့ရအုံးမလား ၊
Duty က ခနနေ နားလို့ရပြီ "

"ရ .ပါ .. .. အဲ
လိုက်ပို့မယ်ဆို ကျေးဇူးတင်တာပေါ့ "

အလာတုန်းက ပါလာတဲ့ အနီ့ ကားကို နောက်မှ တစ်ယောက်ယောက်ကို ဖုန်းဆက်ပြီး ပို့ခိုင်းရ
ဖို့ပဲ အနီ ဆုံးဖြတ်လိုက်သည် ။

"အနီ .. ကျွန်တော့်ကို ပြောစရာများ ရှိနေလား "

"ဟင် .. "

ဘယ်လိုသိတာလဲ ဆိုတဲ့စကားကိုတော့ ဆက်မပြောဖြစ်တော့ပါ ။ လိုက်ပို့ဖို့ ပြောကတည်းက စကားစပြောဖို့ အနီ တွေးနေခဲ့တာပဲ မှလား ၊ ကားပေါ်မှာလည်း အဲ့ဒီစကားလေး စပြောဖို့ကို စိတ်လှုပ်ရှားနေတော့တာ သိသာလွန်းနေတယ် ထင်ပါရဲ့ ။ သူကတော့ အနီ့ကို ဘယ်လိုမြင်သွားမလဲ မတွေးနိုင်တော့ချေ ။

"အင်း ပြောစရာထက် မေးစရာလေးတွေပါ
ခင်ပိုးဖြူ ဆိုတဲ့ လူနာ အကြောင်း ဆိုပါတော့ "

"ခင် က ဘာဖြစ်လို့လဲ အနီ "

"ခင် လို့ ခေါ်တာလား "

The Red Soul Where stories live. Discover now