16

4K 407 10
                                    

Unicode

"Two
ဒီဂါဝန်လေးလည်း လှတယ် သွားဝတ်ကြည့် "

အနီ ဈေးဝယ်သွားချင်တယ် လိုက်ကူပါ ပြောပြီး
ရောက်ကတည်းက Two အတွက် ဆိုတာချည်းသာ ဒိုင်ခံ မွှေနှောက်ရှာဖွေနေသည် ။
ဝတ်ကြည့်ခိုင်းသမျှကလည်း ဈေးကြီးပုံရတဲ့ မိန်းမဆန်ဆန် ပွဲတက်ဂါဝန်တွေချည်းသာ ။

"ဂါဝန်မကြိုက်ဘူးလေ "

"ပြောတော့ အနီက အမိန့်ပေးလို့ရတယ်ဆို "

အနီက မျက်နှာငယ် နဲ့ တစ်ချက်ပြောလိုက်တာပါပဲ ။ Two က မျက်နှာရှုံ့ရှုံ့မဲ့မဲ့ကြီးနဲ့ အဝတ်လဲခန်းထဲ တန်းဝင်သွားပြီး  ဝတ်ချလာရတာပါပဲ ။ ဒီလိုမျိုး မိန်းမဆန်ဆန် စိတ်ကျဉ်းကျပ်တဲ့အဝတ်အစားတွေကို ငယ်ငယ်ကတည်းက မကြိုက်တတ် ၊ လှတယ် ဆိုတဲ့စကားကိုလည်း မကြိုက် ။ မကြိုက်တဲ့အရာ ကို နှစ်အတော်ကြာ သည်းခံပြီးနေခဲ့တာ ပိုက်ဆံရလိုမှု တစ်ခုတည်းအတွက်သာ ရှိဖူးသည် ။

အခုကရော အခုလည်း အနီ့ဆီက ရမည့်  ပိုက်ဆံအတွက်ပဲလေ ဆိုပြီး ကိုယ့်ကိုကိုယ် မလိမ်ညာစတမ်း ဖြည့်တွေးချင်မိပေမယ့် ခါတိုင်းယောက်ျားတွေရှေ့မှာ လှည့်ဖျားနေရတာလိုမျိုး
မွန်းကြပ် ပူလောင်ခြင်းတွေ ရှိမနေ ။ ကလေး တစ်ယောက်ကို အလိုလိုက်နေရသည့် လူကြီးတစ်ယောက်၏ စိတ်ရှုပ်မှုမျိုးလို့ ဆိုရမလားပဲ ။

"Two ကလေ သိလား
မျက်နှာကြီး ရှုံ့မဲ့ မထားရင် တော်တော်လှတာ သိလား ဂါဝန်လေးဝတ်လိုက်တော့လည်း မဆိုးပါဘူး ဟိဟိ "

နောက်ကျောဘက် လှည့်ခိုင်းလိုက် ရှေ့ဘက်ကို ကြည့်လိုက် ၊ ဘေးဘက်ကနေကြည့်လိုက်နဲ့
ရှုံ့မဲ့နေတဲ့ Two မျက်နှာကြီးကိုလည်း အားနာဟန်မရှိပဲတခိခိ ရယ်မောနေပုံကြောင့် အနီ့ ကို မြင်ဖူးနေကျ ကုန်တိုက်ထဲက လူတွေက အံ့ဩတကြီး ငေးကြည့်လို့ ။Two တောင်မှ ငေးကြည့်လို့။

"လှတယ် လှတယ်
ဒီ အပြာနုရောင်လေးပဲ ယူမလား
အဖြူရောင်လေးပဲ ယူမလား တော်ပါပြီ ရှုပ်ပါတယ် နှစ်ထည်လုံး ထည့်ပေးလိုက်နော် "

ဘာမှပြောချိန် ရွေးချိန်ပင် မရလိုက်ပါပဲနဲ့
ဝတ်စုံ နှစ်ထည်က ပိုက်ဆံရှင်းပြီးသား ဖြစ်သွားလေပြီ ။

The Red Soul Where stories live. Discover now