Unicode"Two ဒီပန်းချီကားလေးကို ကြိုက်ရင်
အိမ်မှာ ချိတ်ထားဖို့ ဖယ်ထားလိုက်မယ်လေ ""ဟင့်အင်း
တခြားသူတွေလည်း ကြည့်ကြပါစေ "Two က တကယ် ထူးဆန်းသည်ပဲ ။
သူမ မက်မောသည့်အရာဆိုလို့ ပိုက်ဆံကလွဲရင် မရှိဘူးလား ၊ အဲ့လို မိန်းမ မျိုး က အနီ့ အချစ်တွေကို မက်မောလာအောင် ဆွဲဆောင်ဖို့ရာအတွက်ဆို လွယ်ကူမည်မဟုတ်ပေ ။ ပိုပြီး ထူးဆန်းတာက တဖြည်းဖြည်း နဲ့ ဆွဲဆောင်မှုအောက် ကျရောက်နေတာ အနီ ဖြစ်လာနေသည်။"အနီရင့် "
ပန်းချီကားကို ငေးမောကြည့်နေတဲ့ Two ကို
ငေးမောကြည့်နေမိတုန်း မာထန်နေတဲ့ ခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့ ဘယ်တုန်းကမှ မနူးညံ့ဖူးတဲ့ ရင်းနှီးတဲ့ မျက်နှာတစ်စုံကို
ထင်မှတ်ထားတဲ့အတိုင်း တွေ့လိုက်ရသည် ။"ဖေဖေ ၊ မေမေ "
"ကိုယ့် အဖေ နဲ့ အမေကိုတော့ မှတ်မိသေးလို့
တော်သေးတာပေါ့ သေစာရင်းသွင်းလိုက်ပြီ ထင်လို့လေ "မေမေ့ဆီက ခနဲ့တဲ့တဲ့ စကားကို အနီ ပြန်တုံ့ပြန်လိုစိတ်မရှိ ။ဖေဖေ့ကို ကြည့်လိုက်တော့ နဂိုအရင်အတိုင်း ဘာမှ ဝင်ပြောလိုတဲ့ ပုံစံမပေါ် ။
"ဒီပြန်ရောက်နေတာတောင်မှ မိဘတွေက ဘာမှ မသိရဘူး ပြီးတော့ ဒီဟာ၊ ဒီ ပန်းချီပြခန်းက နင်ဖွင့်တာလို့ သိရတယ် အဲ့ဒါ ဘယ်လို ဖြစ်ရတာလဲ "
"အနီ့ ပိုက်ဆံ နဲ့ အနီ ဖွင့်တာပါ "
မေးခွန်းအတွက် မထင်မှတ်ထားတဲ့အဖြေမို့ ထင်ပါရဲ့ ။ မေမေ ပါးစပ်တပြင်ပြင်နဲ့ ရှိနေပေမယ့် ဘာစကားမှ ထွက်မလာတော့ပါ ။ အနီ့ အဖွားဆီက ရသည့်အမွေက မေမေတို့နှင့် ဘာမှ မသက်ဆိုင်တာ ကို မေမေ က ပိုနာစလည်ပေလိမ့်မည် ။ တော်တော်ကြာတဲ့အထိ အသက်ကိုရှူရှိုက်ပြီးသည်အထိ ဒေါသကို ချုပ်ထိန်းနိုင်လိုက်ပုံမရ ။
"သားသမီးတွေ မွေးထားပြီး တစ်ယောက်မှ အသုံးမကျဘူး မိဘတွေရဲ့ ဆေးရုံလုပ်ငန်းကို ဦးစီးဖို့အတွက် လက်လွှဲလို့ရပါပြီလို့ အောက်မှတ်နေတာ အကို ဖြစ်သူက မိန်းမပျက်တွေနဲ့ ပျော်မွေ့ပြီး ပျက်စီး ညီမ ဖြစ်သူက လုပ်ချင်တာ ဘယ်သူ့မှ မငဲ့ပဲလုပ် ကောင်းရော "
