Unicode
"အနီ က ရှင့်ကိုပဲ ကြိုက်တာ "
"ဘာ!!"
"အံ့ဩသလို ဟန်ဆောင်မနေပါနဲ့ သိပြီးသားမှလား မသိသေးရင်လည်း အခု သိလိုက်လို့ရပြီ
နောက်ကို အနီ့ ကို တခြားသူနဲ့ ပေးစားတာမျိုး မလုပ်နဲ့ အနီ့ကို ရှေ့မှာထားပြီး တခြားသူဆီ စိတ်ရောက်နေတာမျိုးလည်း မလုပ်နဲ့ .ဒါက အနီ. အမိန့်ပေးတာနော် "အနီ့ ကို ငေးကြည့်လာတဲ့ ပြူးကြောင်ကြောင် အကြည့်တွေက သဘောကျချင်စရာ၊ ခပ်ဟဟ နှုတ်ခမ်းလုံးလုံးတွေကလည်း စိတ်ရှိလက်ရှိ နမ်းရှ်ိုက်လိုက်ပစ် ချင်စရာ ၊ အနီ ကတော့ စိတ်ရှည်တဲ့သူမို့ လစ်လျူရှုထားလိုက်နိုင်ပေမယ့် ၊ သူမကို အလုံးစုံ ပိုင်ဆိုင်ရပြီဆိုတဲ့အချိန်ကျရင်တော့ လို့ တော့ မှတ်ထားလိုက်သည် ။ အဲ့ဒီအချိန်ထိလည်း အနီစောင့်နိုင်ပါသည် ။ အနီက စိတ်မရှည်တတ်ပေမယ့်လို့ပေါ့ ။
အနီ့ ကားလေးက တိတ်ဆိတ်စွာ ပြေးနေသည် ။
သူမ ကတော့ ထိုစာအုပ်ထုပ်ကိုသာ ခပ်တင်းတင်းပွေ့ဖက်လို့ ။ သူမ ကို လတ်တလော ဖွင့်ပြောထားတဲ့ အနီ့ရင်ခုန်သံတွေကတော့ အပြင်ကိုပင်ကြားနေရလောက် ကျယ်လောင်လွန်းနေသည် ။ Two ကတော့ တိတ်ဆိတ်လွန်းနေ၏ ။ ခင့်အကြောင်းပဲ တွေးနေတာဖြစ်မည်။
အနီ ဘယ်လိုလုပ်မှ သူမ အတွေးထဲက ခင့်နေရာကို အစားယူနိုင်မလဲလို့ တွေးရင်းနဲ့ ရင်ခုန်သံတွေပါ ငြိမ်သက်သွားတော့ အရင်လိုပဲ တိတ်ဆိတ်သွားပြန်သည် ။အနီတို့အိမ်ထဲအထိ ရောက်လာပြီး အခန်းရှေ့ ရောက်သည်အထိ သူမက တိတ်ဆိတ်နေသေးတာကို အနီကပဲ မနေတတ်ဖြစ်နေရပြန်၏ ။"Good Night . Two "
"အင်း .. "
"ဒါပဲလား .. "
အခန်းထဲ ဝင်ခါနီး တံခါးဖွင့်နေပြီးမှ စကားရှည်နေတဲ့ အနီ့ကို စိတ်မရှည်ဟန် အကြည့်နဲ့ ပြန်လှည့်ကြည့်သည် ။
"အနီ့ အခန်းမှာ မီးလုံးပျက်နေလို့ .. အဲ့ဒါ
အနီက မှောင်မည်းနေရင် မအိပ်တတ်ဘူး ""ဟုတ်လား .. လာပြင်ပေးရမလား
အရင်အိမ်မှာ နေတုန်းက မီးတွေ ကိုယ့်ဘာသာပဲ ပြင်ရတာ"
