23

4K 406 11
                                    

Unicode

"ခင့် ကို ခွဲစိတ်ဖို့ ရက်သတ်မှတ်လိုက်ပြီ "

ခင် အတော်အတန် ထူထူထောင်ထောင် ပြန်ဖြစ်လာသည့် ရက်မှာပင် ကို အောင်မြတ်ကျော် က သတင်းကောင်းပါးတော့ Two က အနီ့ ကို အားနာရကောင်းမှန်းပင်မသိပဲ သိသိသာသာကိုပဲ ဝမ်းသာနေ၏ ။ ၃၁ ဘုံမှာ Two က အနီ့ အလိုက်မသိတတ်ဆုံးလူသား တစ်ယောက်သာ ဖြစ်လေသည် ။

"အနီ ဆေးရုံသွားရင် လိုက်ခဲ့လို့ ရမလား "

ထိုကဲ့သို့  ငြင်းမရမှန်းသိတဲ့ တောင်းဆိုချက်တွေနဲ့ အနီ့ မှာ ရုံးခန်းထဲ ထိုင်နေရက်က သူမဆီ အတွေးရောက်နေအောင်လည်း ဒုက္ခပေးနေတတ်ပြန်သေးသည် ။ တစ်ခါတစ်ရံ အိမ်ပြန်ကြဖို့ သူမ ကို စောင့်နေတဲ့ အနီ့ ကို မမြင်ပဲ ခင် ဆိုတဲ့မိန်းကလေးနဲ့ စကားစမပြတ်တတ်နိုင်တာတွေ၊
အနီ့ ရှေ့မှာဆို စိတ်လွင့်နေတတ်တဲ့ သူမ က
ခင့် အရှေ့မှာဆို ကလေးလေး တစ်ယောက်လို မျိုး အမိန့်နာခံတတ်ပြီး ပွင့်လင်းတဲ့ ကလေးမလေး ဖြစ်နေတတ်တာတွေ ။ တစ်ချက် တစ်ချက် သူမ ရဲ့ ဆံပင် တိုစိစိလေးတွေကို ခင် က ဆွဲဖွလိုက်တိုင်း သဘောတကျ ရယ်မောနေတတ်သေးတာတွေ ။ Two ကလည်း အနီ့ အပေါ်မှာ တော်တော်ကို မကောင်းတဲ့သူပါပဲ ။

ခွဲစိတ်ခန်းထဲ ဝင်ခါနီး အချိန်အထိတောင်မှ
အနီ က မှောင်ခို ဈေးကွက်က လူတွေနဲ့ ရင်တထိတ်ထိတ်ဆက်သွယ်နေရချိန်မှာ သူမ အားပေးနေတဲ့သူက ကုတင်ပေါ်မှာ ငြိမ်ငြိမ်လေး လှဲနေရတဲ့ အပြာနုရောင် ပိုးသတ်ဝတ်စုံနဲ့ ခင့်ကို တဲ့ ။

"မမ အားတင်းထားနော် ၊
ဒီတစ်ခါ ကျော်ဖြတ်ပြီးရင် ပြီးပါပြီ "

အစောင့်နဲ့ မိတော့မလို ဖြစ်နေတဲ့ ကျောက်ကပ်သယ်ပို့သူကို ဖြေရှင်းပေးပြီး ပြန်အလာမှာ
ခွဲစိတ်ခန်းပေါက်ဝ မှာ ခင့် လက်ဖဝါး ကို ကိုင်ပြီး
ထို စကားကို ပြောပေးနေတဲ့ Two ဆီက "အနီ က တော်လိုက်တာ " အဲ့လို စကားမျိုးလောက်ကြားလိုက်ရရင် လို့ အနီ တွေးမိသားပဲ ။ အနီ က ခင့်လိုမျိုး နူးနူးညံ့ညံ့မွေးဖွားမလာတာက အဓိက အနီ့ ပြဿနာများ ဖြစ်နေတာလား မတွေးတတ်တော့ပေ ။သန်မာလွန်းသည့် အနီ လည်း ချစ်ရသူဆီက အားပေးမှုကို လိုချင်သည့် သာမာန် မိန်းကလေးသာ ဖြစ်မှန်း Two သတိမထားမိခဲ့တာပဲ ဖြစ်မည် ။

The Red Soul Where stories live. Discover now