Unicode
အဲ့ဒီ နောက်ရက်ပိုင်း အခြေအနေတွေဟာ ငြိမ်သက်လွန်းမက ငြိမ်သက်လွန်းနေတဲ့ အနေအထားတွေနှင့် တိတ်ဆိတ်လို့နေသည် ။ အနီ သည်လည်း ပုံမှန်ရက်တွေအတိုင်း ဆေးရုံကိစ္စတွေနဲ့ အလုပ်ရှုပ်နေသလိုမျိုး Two ကတော့ စာအုပ်ပုံကြီးနဲ့ အလုပ်ရှုပ်နေတတ်သည်။ ခင် ရေးထားသည့် စာတွေ ဖတ်နေတာပဲ ဖြစ်လောက်သည် ။တစ်ခါတစ်ရံ အနီမြင်တဲ့ သူမက စာတွေဖတ်ပြီး ပြုံးနေသည် ။ တစ်ခါတစ်ရံကျတော့ သက်ပြင်းတွေချလျက် ၊ တစ်ခါတစ်ရံ မျက်ရည်တွေရစ်ဝိုင်းပြီး ဖတ်နေတဲ့ အခါဆို အနီ က ဘယ်သူ့ကိုပဲ မကျေမနပ် အော်ဟစ်ပစ်လိုက်ရမလို ဒီတိတ်ဆိတ်မှုမျိုးကို အနီ မုန်းလာသည် ။
ခင် ဆိုတဲ့ မိန်းမဟာလေ သူထွက်ပြီးတာတောင်မှ Two ကို အလုပ်တွေ ပေးသွားခဲ့တာပဲ လို့ လှမ်းအပြစ်တင်မိပြီး အနီ့မှာ သဘောမကျဖြစ်နေရ၏။ ဆေးရုံအဆောင်သစ်ဆောက်လုပ်ရေး ပြီးစီးသွားတဲ့နေ့ကျ အဲ့ဒီစာအုပ်တွေအကုန် ဖွက်ထားပစ်လိုက်အုံးမယ်ဟုပင် တွေးမိတဲ့အထိ ။ အခုထိတော့ ထိုစာအုပ်တွေကို ဖွက်ပစ်ဖို့ပင် အနီ မအားမလပ်နိုင်သေးပေ ။ မအားမလပ်သည့်ကြားမှာပင် သူမ ပြုံးပျော်နေတာကို မြင်ရရင် အနီ တော်တော် အမောပြေလောက်မှာဖြစ်သည် ။ Two ပြောပြဖူးတာကို သတိရ၏ ။ ကာကွယ်ရတာ မပင်ပန်းပေမယ့် ကိုယ် ဘယ်လောက် ကြိုးစားကြိုးစား ကိုယ့်ရှေ့မှာ မပျော်နိုင်တဲ့သူမကို မြင်ရတာ အားလျော့လာသည် ဆိုတာကို အနီ လည်း နားလည်လာသည် ။
သို့ပေမယ့် အနီ တို့ နှစ်ယောက်လုံး အချိန်မရသေးတာက တစ်ခုတော့ ကောင်းသည်ဟု ဆိုရမည် ။ အချိန်မရသေးလို့ဟု အကြောင်းပြကာ အနီ့ အခန်းထဲက မီးလုံးကို မပြင်ရသေးဘူး ဆိုပြီး သူမ အခန်းထဲမှာ ဝင်အိပ်ဖြစ်နေတာ တော်တော်ကြာနေပြီမို့ အခုဆို အနီ့ရဲ့ ညစ်ကျယ်ကျယ်နိုင်လှတဲ့ ဆင်ခြေတွေ ထုတ်သုံးစရာမလိုတော့ပေ။
"Two , Good Night "
"အွန်း အနီက မအိပ်သေးဘူးလား
တအားကြီး ညနက်တဲ့အထိတော့ အလုပ်မလုပ်နဲ့လေ အနီ့ ကြည့်ရတာ ပိန်နေသလိုပဲ "ထိုကဲ့သို့ စိတ်ပူပေးတတ်တဲ့ အခြေအနေအထိ တိုးတက်လာလေပြီ ။ အပေါ်ယံ မဟုတ်တာတော့ လူကဲခတ်တော်သည့် အနီက သိတာပေါ့ ။ မနက် ကနေ ညအထိ မအားမလပ်ဖြစ်နေတဲ့ အနီ့အတွက် အားအင်လေး ကဒီအတိုင်း အနားမှာ ရှိနေရုံနဲ့ ထိရောက်နိုင်လွန်းသည်မို့ ကြာကြာ စိတ်မဆိုးနိုင်ပဲ အနီ့ အလုပ်တွေ အကုန် လက်စသတ်ပြီးသည်နှင့် ဆုချရမယ်ဟူ၍ သာ အနီ တွေးနေမိရပြန်သည် ။
