Unicodeနံနက်ခင်းနေရောင်ခြည်က ပြတင်းပေါက်မှန်ကို ဖြတ်ပြီး ခပ်ဖျော့ဖျော့လေး တိုးဝင်လာတော့ အနီ့ မျက်နှာလေးပေါ်ကို ဖြာကျသည် ။ အလင်းရောင် စူးသွားလို့ ထင်ပါရဲ့ မျက်လုံးမဖွင့်သေးပေမယ့် မျက်ခုံးတန်းလေးက စုကျုံ့သွားတာကို ချစ်စဖွယ် မြင်လိုက်ရသည် ။ နေရောင်ကို လက်ဖဝါးလေးနဲ့ ကာပေးလိုက်တော့ မျက်လုံးတွေက ဖွင့်မလာတော့ပဲ ဆက်အိပ်သွားပြန်သည် ။အနီ က ဒီလိုကျ ကလေးပေါက်စနလေး ကျနေရော ။ မိတ်ကပ်တွေမပါတဲ့အချိန်လှည်း အနီက လှတာပဲဖြစ်သည် ။ အဆုံးကွာ အဝတ်အစားတွေ မပါတဲ့အချိန်တောင်မှ ဆိုပြီး ညကအကြောင်း ပြန်တွေးမိတော့ ခပ်ဖွဖွ ပြုံးမိရ၏ ။ဒီမိန်းကလေးက နှင်မထုတ်သရွေ့ ဘယ်တော့မှ ထွက်သွားနိုင်မှာ မဟုတ်တော့ဘူးဆိုတာလည်း ပိုလို့ သေချာလာပြန်သည် ။
"အာ !! ကြွေရပြန်ပြီ
အဲ့လို နေရောင်ကို လက်နဲ့ ကာပေးမယ့်အစား
ရင်ခွင်ထဲ ထည့်မထားချင်ဘူးလားဟင် "မျက်လုံးမဖွင့်ပဲ စကားပြောလာသော အနီ ကြောင့် ရုတ်တရက်ကြီး လန့်သွားပြီးမှ ရှက်ရယ် ရယ်မိသည် ။
"ကြည့်စမ်း ! နိုး နေရက်နဲ့ မထဘူးပေါ့
သူများကိုလည်း အရူးလုပ်တမ်း ကစားနေသေးတယ် ""အင်း !! အရူးဖြစ်ခံပြီး ဖက်ထားပေးပါအုံး
နိုးနေပေမယ့် မထချင်သေးလို့ "အိပ်ချင်မူးတူးအသံလေးနဲ့ ပြောပြီးတာနဲ့
ရင်ခွင်ထဲ တိုးဝင်လာတဲ့ ခန္ဓာကိုယ်လေးကို အလိုက်သင့်ပြန်ဖက်ထားပေးရင်း စောင်အနည်းငယ် ကွာနေသည့် ပုခုံးသားလေးရယ် နဲ့ လည်တိုင်နားက နီစွေးစွေး အမှတ်အသားလေးတွေကို လက်ဖဝါးနဲ့ ခပ်ဖွဖွ ပွတ်သပ်ပေးမိသည် ။"အခုဆို အနီ က ငါ့အပိုင် ဖြစ်ပြီနော် "
"အနီက အမြဲတမ်း Two အပိုင် ဖြစ်နေခဲ့တာ ကြာပြီ သူပဲ မူနေပြီး မသိတာများ "
"အဟဲ ! Sorry "
"ရီနေလိုက် "
ခုနက အထိ မျက်လုံးမဖွင့်သေးပေမယ့်
သူ့ကို ရီလို့ဆိုပြီး မျက်လုံးဖျတ်ခနဲ ပွင့်လာကာ
မျက်စောင်းတစ်ချက်က ဒိုင်းခနဲ ။ ချစ်လိုက်ရတာ အနီရယ် ။
