14

4.2K 396 12
                                    

Unicode


"အနီ ဘာတွေဖြစ်ခဲ့လို့လဲ "

ဘာတွေဖြစ်ခဲ့လို့ အနီ အခုလောက်အထိ ပြိုလဲနေရပါသလဲ ။ဘယ် လောက်တောင်ဆိုးလို့ အနီ ငိုနေရပြန်ပါသလဲ ။အဲ့ဒါတွေထက် ပိုပြီးအရေးကြီးတာက ဘာဖြစ်လို့ အနီ့အကြောင်းတွေကို လိုက်စိတ်ပူနေမိရပါသလဲ ။

"sorry !"

ရုတ်တရက်ကြီး အနီက အငိုရပ်သွားကာ Two မျက်နှာကိုလည်း သေချာမကြည့်ပါပဲနဲ့ sorry ဟု ခပ်တိုးတိုးပြောနေပြန်သည် ။

"ဘာအတွက်လဲ "

"အကုန်လုံးအတွက် ၊ ခုထိတော့ အနီ အမှားမလုပ်ထားဘူး ၊ နောက်ထပ် လုပ်မိမယ့်အမှားတွေအတွက် ကြိုပြီးတော့ "

အနီ ဘာဖြစ်နေတာလဲဆိုတာ မသိသေးပေမယ့်
အနီ့ပုံစံကြည့်ရတာ ဒီစကားတွေကိုပင် ခက်ခက်ခဲခဲပြောနေရတဲ့ပုံ တော်တော်ကြီးကို ပင်ပန်းနေတဲ့ပုံပေါ်တာမို့ စိတ်ပူပြီးရင်း စိတ်ပူလာမိသည် ။

"ဟုတ်ပါပြီ ရပါတယ် အခုတော့
အနီ နားတော့လေ "

"Two က ဘာကိုသိလို့ ရပါတယ် လို့ပြောတာလဲ
အနီ က လူကောင်းမဟုတ်ဘူးနော် Two ထင်တာထက်တောင် အနီက ပိုဆိုးတယ် "

အနီ ဘာကို ဆိုလိုချင်နေမှန်း နည်းနည်းချင်း သဘောပေါက်မိတဲ့အခါ Two ပြုံးမိရသည် ။
ကိုယ် ဆိုးပါတယ် ဆိုတာကို လိုက်ကြေငြာနေတဲ့
ဒီလူဆိုးမလေးက ချစ်စရာကောင်းလွန်းနေတယ်လို့ Two ထင်သည် ။ ဒီလိုပုံစံနဲ့ Two ကို သူမ အကိုအတွက် ကလဲ့စားချေအုံးမည်ဆိုပဲ ။ အနီဟာ တကယ့်ကိုပဲ ဂေါက်ကြောင်လေး မဟုတ်ဘူးလား ။

"ဟုတ်ပါပြီ လူဆိုးမကြီးရဲ့
အရမ်းဆိုးတာလည်း သိပါတယ် ခုနားတော့နော် "

"နေအုံး မနားသေးဘူး
ဒါဆို အနီ ဘယ်လောက်ပဲ အပြစ်ဆိုးဆိုးကြီးလုပ်လည်း အနီ့ ကို ပစ်မသွားဘူးလို့ ကတိပေးမလား  "

အနီ က ဒီဆက်ဆံရေးမှာ ကတိတစ်ခုဟာ အစစ်အမှန် ဖြစ်လာနိုင်မယ်လို့ ယုံကြည်နေတာပဲလား ဒါမှမဟုတ် ဒါကပဲ အနီ့ ရဲ့ ထောင်ချောက်တစ်ခုလား မသိပေမယ့် Two ခပ်လွယ်လွယ်ပဲ ကတိပေးလိုက်မိသည် ။

The Red Soul Where stories live. Discover now