Side story 1

2.2K 103 2
                                        


(Author's Note -
ဒီ Fiction လေး completed ဖြစ်ခဲ့တာ ၂ နှစ်အကြာမှာ ပထမဆုံး review ကို သဘောကျဖွယ် လက်ခံရရှိခဲ့တဲ့အတွက် ကျေးဇူးတင်တဲ့အနေနဲ့

စာအုပ်ထုတ်ဖို့ရည်ရွယ်ပြီးပြင်ဆင်ထားတဲ့
side story နှစ်ခုကို ထုတ်ပြလိုက်ပါတယ် ။

စာအုပ်ကတော့ အကြောင်းအမျိုးမျိုးကြောင့် ထွက်မလာနိုင်တော့ပေမယ့် ။ သဘောကျပေးတဲ့ တစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ် ။

Side story ဖြစ်တဲ့အတွက် အဓိကဇာတ်ကောင်တွေတော့ မပါတော့ပါဘူး ။

အရန်ဇာတ်ကောင်တွေရဲ့ ဇာတ်လမ်းကိုလည်း စိတ်ဝင်စားပါတယ်ဆိုရင်တော့ ဖတ်လို့ရပါပြီ ။



Side story 1

~ နွယ် ~

" ဒီအချိန်အထိ အနီရင့်ရဲ့ အရိပ်လို နေလာရတာ မငြီးငွေ့သေးဘူးလားဟင် "

အစ်မအကြီးဆုံး ဖြစ်သူ၏ နှိမ်တာလိုလို လှောင်ချင်တာလိုလို ခနဲ့တဲ့တဲ့ စကားကို နွယ် အားပါးတရ ရယ်မောကာ တုံ့ပြန်ဖြစ်၏ ။ အနီရင့်ရဲ့ အရိပ်တဲ့လား ။ ဘယ်လောက်တောင် သဘောကျဖို့ကောင်းလိုက်တဲ့ ရည်ညွှန်းမှုမျိုးလဲ။

နွယ့် အတွေးစတို့ကို မြင်သည့်အလား နွယ့် အစ်မကြီး၏ မျက်နှာ အမူအယာဟာ တစတစ ပျက်ယွင်းလာနေသည်။ နွယ့် ကို အနီရင့်ဆီရောက်အောင် တမင်တကာ တွန်းပို့ခဲ့ကြတာလည်း သူတို့ပဲ ဆိုတာကို မေ့သွားကြတာတော့ မဟုတ်တန်ရာပေ ။

"အနီရင့် အနားမှာ ကပ်နေ
သူ အလိုကျအောင်နေ ၊ သူနဲ့ခင်အောင်နေ ၊ အဲ့ဒါ ငါတို့မိသားစု စီးပွါးရေးအတွက် အကျိုးရှိတယ် "

အနီ နှင့် ကျောင်းမှာ အခန်းတူသည်ဟူသော အချက်နှင့်ပင် နွယ့်ကို ထိုကဲ့သို့ အနီ့ဆီကို တွန်းပို့ခဲ့ကြတာလေ ။ အစကတော့ နွယ် ငြင်းဆိုခဲ့၏ ။ နွယ် ဟာ အပေါင်းအသင်း သိပ်မရှိတဲ့ သာမာန် မထင်မရှား ကောင်မလေး တစ်ယောက်သာ ဖြစ်လို့ အနီရင့် လိုလူက နွယ့်ကို မခင်ချင်မှာကို စိုးရိမ်တကြီး ဖြစ်ခဲ့ရဖူးသည် ။ သို့သော် အနီ က နွယ်ထင်ထားသလို ကြောက်စရာမကောင်းခဲ့ပဲ နွယ့် ချဥ်းကပ်မှုကို အလွယ်တကူပင် လက်ခံခဲ့၏ ။

The Red Soul Dove le storie prendono vita. Scoprilo ora