20

4K 435 30
                                    

Unicode


ခင့် ဘဝ မှာ မောင့်လိုလူတစ်ယောက်နဲ့ ချစ်ကြိုက်သွားဖို့ တစ်ခါမှ မတွေးခဲ့ဖူးပေ ၊ ခင့် အသိုင်းအဝိုင်းက ဘယ်သူမှလည်း မတွေးခဲ့တာ သေချာသည် ။

ခင် က လှသည် ၊ အေးဆေးတည်ငြိမ်သည် ။ ခင်တို့ မိသားစုထဲမှာဆို တစ်ဦးတည်းသော သမီးဖြစ်သည့်အပြင် လိမ္မာရေးခြားလည်း ရှိသူမို့ သည်းသည်းလှုပ် ချစ်ခံနေရသူဖြစ်သည် ။

မောင်
မောင် ကတော့  ခင်တို့ ရပ်ကွက်ထဲကို ပြောင်းလာတဲ့ သာမာန် ကောင်လေးတစ်ယောက်ပဲ ဖြစ်သည် ။

ပထမတော့ ခင် လည်း မောင့်ကို သာမာန် ကောင်လေး တစ်ယောက်လို့ထင်ခဲ့မိတာ ကြောင့်လည်း
မောင့်ကို ချစ်မိသွားတာ ဖြစ်လိမ့်မယ်လို့တော့ တွေးမိသား ။

"မေမေ ရေ ခင် စာအုပ်သွားငှား မလို့ "

ခါတိုင်းထက် အလှပြင်တတ်နေပြီဖြစ်တဲ့ ခင့်ကို
ဘယ်သူမှလည်း အရေးတယူ သံသယ မဝင်ခဲ့ကြ

ခင်ကတော့ စာအုပ်ဆိုင်မှာ စာအုပ်လေးတွေ သွားငှားတိုင်း လမ်းဘေး သစ်ပင်အကွယ်ကနေ ရပ်စောင့်နေတတ်တဲ့ မောင့်ကို သတိထားမိတာ ကြာပြီ ။ခင် လာပြီဆိုတာနဲ့ ရီဝေနေတဲ့ အကြည့်တွေနဲ့ ခင့် ကို တစ်ခုခု ပြောချင်တာလိုလို ကြောက်နေတာလိုလိုရှိတတ်တဲ့ မောင် က ခင့်အနားကို မကပ်ရဲပဲ ရှိနေတာတောင် ခင်ကတော့ မောင် ရယ်လို့ တိတ်တခိုး ခေါ်နေခဲ့ပြီးပြီ ၊ ဘာကြောင့်မှန်း မသိပဲ မောင် ဟာ ခင့်အိမ်မက်တွေကို သိမ်းပိုက်နေခဲ့ပြီးပြီ ။ မောင် က တော်တော်ချောတာကြောင့်လည်း ဖြစ်နိုင်ပါသည် ။ အဝေးက ကြည့်တာတောင် ပိန်ပိန်ရှည်ရှည် အရပ်နဲ့ အသားဖြူဖြူ မောင် က တော်တော် ချောမှန်း သိသာပါသည်။

စာအုပ်ဆိုင်ပိုင်ရှင်က ခင့်ကို လူရင်းမို့လို့
စာအုပ်တွေ အများကြီး တစ်ပတ်စာ ငှားခွင့်ပြုပေမယ့် ခင်ကတော့ စာအုပ် တစ်အုပ် သာ ငှားပြီး တစ်ရက်တစ်ခါစာအုပ်ဆိုင်ဘက် ရောက်ဖြစ်လေသည် ။ အနေအေးတဲ့ ခင်က သနပ်ခါးကို ညီနေအောင် ကွက်ပြီး ဆံပင်ရှည်တွေကို ကလစ်အလှလေးတွေနဲ့ အလှဆင်ကာ မေမေ ချုပ်ပေးထားတဲ့ ဝမ်းဆက်ကို တစ်နေ့တမျိုး မရိုးရအောင် ဝတ်ဆင်ပြီး သူ့ရှေ့မှာ လှနေဖို့ အာရုံစိုက်နေမိခဲ့သည် ။ ခင့် ဘက်က ဒီလောက်ထိ မြောင်းဖောက်နေတာတောင် မောင့်ဘက်ကတော့ ရေက စီးမလာရဲပဲ ခင့်ကို ငေးကြည့်တဲ့ အဆင့်က မတက်ခဲ့ပေ ။ 

The Red Soul Tempat cerita menjadi hidup. Temukan sekarang