UnicodeOxygen mask ကို ဖယ်ပစ်ဖို့ လုပ်နေခဲ့တဲ့
လက်တစ်စုံကို Two မမြင်လိုက်ဘူးလို့ မမ ထင်နေခဲ့တာ ဖြစ်မည် ။"အရမ်း ပင်ပန်းမှန်း သိပါတယ်၊
သိပ်မကြာတော့ပါဘူး တောင်းပန်ပါတယ် ၊ အသက်ရှင်ပေးပါ "Two စိတ်ထဲက စကားတို့သည် နှုတ်ဖျားကနေတော့ ထွက်မလာနိုင်ရှာ ပဲ မမ ရဲ့ လက်ဖဝါးတွေကိုသာ ခပ်တင်းတင်း ဆုပ်ကိုင်ရင်း အားတင်းနေမိသည် ။ အားတင်းနေမိတာ ဟုတ်ပါသည် ။မမ ကို အားပေးနေတာထက် ကိုယ့်ဘာသာ ပြန်အားတင်းနေမိတာ ဖြစ်သည် ။
"ကလေး အိမ်ပြန်နားတော့လေ တစ်ညလုံးလည်း မအိပ်ရသေးဘူးကို ၊ ဆရာမလည်း ရှိနေပြီပဲ
အနီ လား အဲ့ကောင်မလေးလည်း ကလေးကို စောင့်နေတာ ထင်တယ် "Two အပြင်ဘက်လှမ်းကြည့်လိုက်တော့ အနီက ကြည့်နေတာနဲ့ ဆုံသည် ။ အနီ့ မျက်နှာလေးက နွမ်းနယ်လို့နေ၏ ။ ဖြစ်ပျက်သွားတာတွေက
အများကြီးမို့လို့ အခုထိ အနီ့ကို ဘာမှ မပြောပြရသေးတာမို့ အနီ လည်း စိတ်ရှုပ်နေမှာပဲ လို့ တွေးမိတော့ တစ်ခုခုကို ဖြေရှင်းပြချင်နေသည် ။ အနီ သိချင်ပါ့မလားဆိုတာတော့ Two မသေချာပေ ။"ဒါဆို Two ပြန်တော့မယ်နော်
ဆရာမရေ မမ အနားက တစ်ဖဝါးမှ မခွာပေးပါနဲ့နော် ၊မမ က လိမ္မာတယ်ဆိုပြီး စိတ်ချထားလို့ရတာ မဟုတ်ဘူး"ဆရာမလေးက တစ်မျိုးအဓိပ္ပါယ်ပေါက်ကာ ခပ်ပြုံးပြုံးလေး ဖြစ်သွားသည် ။
"သူ့မမ ကို တအား ချစ်တာပဲနော်
အမလေး သိပ်မကြာတော့ပါဘူး အတူနေနိုင်တော့မှာပါ"ထို စကားကို မမ ကလည်း ဝင်မဖြေရှင်းသလို
Two လည်း အရေးတယူ မဖြေရှင်းမိ ပဲနှုတ်ဆက်ကာ ထွက်လာခဲ့လိုက်သည် ။"အနီ .. ငါ ... "
"ပင်ပန်းနေတယ်မှလား
နောက်မှပြောလည်း ရတယ် ၊ အိမ်ရင်ပြန်ပြီး အနားယူအုံး""အွန်း"
"Two တအားပင်ပန်းနေရင်
အနီ့ ပုခုံးပေါ် မှီချလိုက်လို့ ရတယ်နော် အနီကအဆင်ပြေတယ်""ရပါတယ်"
တကယ်က တော်တော်လေး ပင်ပန်းပြီး မှီခိုစရာနေရာကို တကယ်လိုအပ်နေခဲ့တာ ဖြစ်သည် ။ ထို မှီချလိုက်စရာ နေရာလေးက အနီ ဖြစ်မနေခဲ့ဘူးဆိုရင်တစ်ဖက်လူ လေးလံသွားမလား လုံးဝ မတွေးပဲ တစ်ကိုယ်ကောင်းဆန်စွာ မှီချပစ်လိုက်မှာပဲ ဖြစ်၏ ။ သို့သော် အနီ့ ကိုတော့ Two အားနာရပေမည် ။ မွေးနေ့ရှင် ဖြစ်ပြီး မွေးနေ့ ပါတီ ကနေ ကမန်းကတမ်း Two ကို လိုက်ပို့ပေးခဲ့ပြီး တစ်ညလုံး သူမလည်း မအိပ်ရသေးပေ ။ ဒီကြားထဲ Two နဲ့ မမ ရဲ့ ဆက်စပ်မှုကို အနီ တအား စိတ်ရှုပ်နေလောက်သည် ။ စိတ်ရှုပ်စရာတွေကြားထဲမှာတောင် ကျောက်ကပ်အလှူရှင်ကို
ချက်ချင်း ရှာဖွေ ပေးခဲ့သေးတာ အနီက ပိုလို့ပင် ပင်ပန်းနေမှာပဲ ဖြစ်၏ ။ ပင်ပန်းနေတဲ့သူအပေါ်ကို နောက်ထပ် မှီချလိုက်ဖို့ဆိုရင် Two က တော်တော်လေးကို ကိုယ်ချင်းမစာနာရာ ရောက်သွားမှာပါပဲ ။
