Unicode//ဒီနေရာမှာပဲ မမတို့ ကံကြမ္မာကို အဆုံးသတ်ရအောင် //
စာတိုလေး တစ်ကြောင်းသာ ချန်ထားခဲ့ပြီး ပျောက်ခြင်းမလှ ပျောက်သွားတဲ့ မမ ကို အရူးအမူးလိုက်ရှာဖို့အတွက်လည်း Two အားအင်တွေ ကုန်ခမ်းနေခဲ့ပြီ ။ မမ ပြောသလိုသာ ဒီကံကြမ္မာကြီးကို အဆုံးသတ်ကြဖို့ကိုပဲ တွေးမိ၏ ။
"ကလေး ဘယ်နား နာသွားသေးလဲဟင် "
ထိုကဲ့သို့ စတင် တွေ့ဆုံမှုကတောင် အနာတရတွေနဲ့ပင် စတင်ခဲ့ရတာ ဖြစ်၏ ။ အတူတူရှိနေတဲ့ ဘဝတစ်လျှောက်လုံးမှာလည်း ကောင်းမွန်သည့်အမှတ်တရ အနည်းငယ်မျှသာ ရှိပြီး နှစ်ယောက်လုံး အပင်ပန်းဆုံး ဖြစ်ခဲ့ရသော ဒီရေစက်ကံကြမ္မာကြီး ကို အဆုံးသတ်ချင်ခဲ့တာ မမ မမှားပေ ။ သို့သော် မမ သည် ရက်စက်နိုင်လွန်းသည် ။မမ က တော့ စိတ်ပြတ်လွန်းစွာနဲ့ပဲ
တစ်ချက်လေးတောင် နှုတ်မဆက်ပဲနဲ့ စာလေးတစ်စောင်နဲ့ဒီရေစက်ကို ဖြတ်တောက်သွားခဲ့လေပြီ ။ Two ကရော ဘာဆက်လုပ်ရပါမလဲ ။ Two
ဘဝ တစ်လျှောက်လုံး ဒီလူသားကို ကာကွယ်ပေးဖို့ အစီစဉ်တွေသာ ရှိထားခဲ့တာမို့ ရှင်သန်ပြီး ဆက်လုပ်စရာ လမ်းစတွေပါ ပျောက်ကုန်သည် ။"Two ငိုတာ အရမ်းများနေပြီ နားလိုက်ပါအုံး "
Two စိတ်ထဲမှာ ဗလာကျင်းနေခဲ့ပြီး ငိုနေမိခဲ့တာကို အနီ ပြောမှပင် သတိထားမိ၏ ။ မျက်လုံးတွေတောင် ကျိန်းစပ် ပူလောင်နေတဲ့အထိ အကြာကြီး ငိုနေခဲ့တာပဲ ။
"အင်း .. "
ယိုင်နဲ့နဲ့ ခြေလှမ်းတွေကို အားယူပြီး အနီ့ရှေ့က ထွက်သွားတဲ့ သူမ ကို ဘယ်အထိများ ထွက်သွားလေမလဲလို့ လိုက်စောင့်ကြည့်မိသည် ။ ဝေးဝေးတော့ ထွက်မသွားရှာပါ ။ ခြံထောင့်လေးရဲ့ သရက်ပင်အောက်မှာ စီးကရက်တစ်လိပ်ကို ဖွာပြီး ငူငူကြီး ထိုင်နေတာကို တွေ့ရသည် ။စီးကရက် မီးခိုးငွေ့တွေထဲကို လိုက်ကြည့်နေတာကိုလည်း မြင်ရသည် ။
"သူမ ဘာတွေများ အများကြီးတွေးနေတာလဲ "
ဆေးရုံတိုးချဲ့ဆောင် ဆောက်လုပ်ဖို့အတွက်
အလုပ်တွေ အများကြီးရှိတာတောင်မှ အနီ မသွားနိုင်သေး ပေ ။ သူမ များ ထွက်သွားလေမလားဟု စိုးရိမ်နေမှုကပင် အနီ့ကို ဘယ်အရာကိုမှ စိတ်ချလက်ချ ဖြစ်မနေစေတော့တာဖြစ်သည် ။
