33

3.7K 364 18
                                    

Unicode

"Two လေ ဆေးရုံမှာ လဲကျသွားလို့ "

အရေးကြီးတဲ့ တွေ့ဆုံမှုတစ်ခုရှိတဲ့အကြောင်းကို သိထားတဲ့ ကိုအောင်မြတ်ကျော်က message တစ်စောင်ကိုသာ ပို့ထားခဲ့ပေမယ့် ဖုန်းမခေါ်ရကောင်းလားလို့ အပြစ်တင်ချင်မိသည် ။ နေရာကနေ ချက်ချင်း ထ ရပ်တော့ နွယ် ရော အနီ အရေးတကြီး လာတွေ့ရတဲ့သူရောက အနီ့ကိုအလန့်တကြား မော့ကြည့်ကြသည် ။ ထိုအရာတွေကိုလည်း အနီ ဂရုမစိုက်နိုင်အားပဲ ထူပူနေသည် ။ Two ၊ ဘာဖြစ်တာလဲ ၊ ဘယ်နေရာ နေမကောင်းတာလဲ ထိုအတွေးတွေနဲ့ ကိုယ့်ဘာသာ ပူလောင်နေပြီး နေရာကနေ ပြေးထွက်လာခဲ့ဖြစ်သည် ။

"Doctor ရေ ၊ နွယ် တို့ကို ခွင့်ပြုပါအုံးနော်
ဆေးရုံမှာ အရေးကြီးကိစ္စ ပေါ်လာလို့ ပါ ။ ခနနေကျရင် စာချုပ်ပို့လိုက်ပါ့မယ် "

"ဟုတ်ကဲ့ ခင်ဗျ "

ဆရာဝန်က နွယ်နဲ့ ရင်းနှီးသူမို့ ဘာမှ မပြောပေမယ့် အနီ အခုလိုလုပ်သွားတာ ကောင်းရဲ့လား ။
တကယ်လို့သာ ဒီကိစ္စမအောင်မြင်ရင် ၊ နွယ့် အလုပ်တွေ ဖျက်ပြီး ဒီကို လိုက်လာပေးရတာ တန်မှာ မဟုတ်ဘူးဆိုတာ အနီ ဂရုမစိုက်ဘူးမဟုတ်လား ။

"အနီဟာလေ တော်တော် မကောင်းတဲ့သူပဲ "

ထိုကဲ့သို့ အပြစ်တင်လိုက်မိပေမယ့် ခြေလှမ်းတွေကတော့ အနီ့ နောက်ကို အလိုလို ပြေးလိုက်မိသွား၏ ။

တကယ်လို့သာ အနီ အလောတကြီး ပြေးထွက်သွားတာက ထိုမိန်းမ အတွက်ပါဆိုတာ ကြိုသိခဲ့လျှင် ကားမောင်းပြီး လိုက်ပို့ပေးခဲ့မှာ မဟုတ်သလို အခုလို အနီ က အရေးပေါ်လူနာခန်းရဲ့ ကုတင်ဘေးမှာ စိတ်ပူတကြီးနဲ့ ထိုမိန်းမရဲ့ လက်တွေကိုဆုပ်ကိုင်နေတာကိုလည်း ကြည့်နေစရာမလိုပေ ။ဆရာဝန်က စိတ်မပူဖို့ ပြောနေတာတောင်မှ အနီ့ဆီက တုန်လှုပ်နေမှုတွေက လျော့မသွားပဲ ထိုမိန်းမကိုသာ ငေးကြည့်နေပုံက တစ်လောကလုံးမှာ အဲ့ဒီတစ်ယောက်သာ ရှိနေသည့်အတိုင်း နွယ့် ကိုတော့ အနားမှာ ရှိနေတယ်လို့တောင် တွေးမိပုံမရတော့ ။

အနီ့ နောက်ကနေ တကောက်ကောက် လိုက်ပြီးဖြည့်ဆည်းနေရတာကိုပဲ ကျေနပ်နေနိုင်သမျှ တခြားမိန်းမ တစ်ယောက်ကို အသည်းအသန် ချစ်နေတာကို မြင်ရတဲ့အခါ  နာကျင်မှုတွေက တစ်ဖြည်းဖြည်း အမြစ်တွယ်လာပြီး ကင်ဆာလို ပျံ့ပွားလာပုံရသည် ။  ဘယ်တော့မှ ချစ်တတ်မှာ မဟုတ်ဘူး စနောက်နေကျ အနီ က တစ်စုံတစ်ယောက်ကို ချစ်တတ်လာတဲ့အခါ
စ နောက် ခဲ့သမျှတွေကို နောင်တရမိသည် ။

The Red Soul Où les histoires vivent. Découvrez maintenant