12

4.3K 406 23
                                    


Unicode


ခင်ပိုးဖြူ

နာမည်လေးက တစ်မျိုးလေး  ။
ဆေးရုံထဲ လိုက်ပြမယ်ဆိုလို့သာ ကိုအောင်မြတ်ကျော် နောက်ကို စိတ်မပါတပါဖြင့် လိုက်ခဲ့ရင်းက သီးသန့်ခန်းရှေ့က လူနာနာမည်ကို အမြင်မှာ စိတ်ထဲ တစ်မျိုးလေး ခံစားမိသွားသည် ။ဘာ အာရုံခံစားမှုမျိုးလဲတော့ အနီ မသိပေ ။

"သူက ဘာလူနာလဲ "

"သူက ကိုယ့်လူနာလေ ကျောက်ကပ်အလှူရှင်ကို စောင့်နေရတာ ဒီ အတောအတွင်း ဆေးတွေနဲ့ ထိန်း ၊ အဆိပ်တွေဆေးရင်းနဲ့ လေ "

"ဩော် .. "

အခန်းထဲဝင်ကြည့်ဖြစ်တော့ အသက် ၂၇ နှစ်သာရှိသေးတဲ့ မိန်းကလေးငယ်လေး တစ်ယောက်သာ ဖြစ်နေတော့ ပို၍ပင် သနားမိတာလိုလို ။အသားအရေက နေမကောင်းလို့လား နဂိုဖြူတာလားမသိ ဖြူလျော့နေပြီး မျက်နှာက ဖောင်းကားနေသည် ။ မျက်နှာမှ မဟုတ် တစ်ကိုယ်လုံးက ဖောယောင်နေသည် ။ ရောဂါကြောင့် ကြည့်ရဆိုးနေတဲ့ မျက်နှာ အနေအထားမှာပင် အေးချမ်းသော အသွင်ကို ဆောင်နေတဲ့ ထိုမိန်းကလေး ဟာ ဒီလို ဝေဒနာဆိုးတွေ မရှိခဲ့ရင် ဘယ်လောက်တောင်မှ လှပနေလိမ့်မလဲ ဟု အနီ တွေးလိုက်မိသေးသည် ။ 

"အခု သူက သတိမေ့နေတာလား "

"မဟုတ်ပါဘူး ဆေးရှိန်နဲ့ အိပ်ပျော်နေတာပါ "

ဘေးမှာ စောင့်နေသည့် Special Nurse လေးက
သူမ နိုးသွားမှာ စိုးရိမ်ဟန်နဲ့ ညင်သာစွာ ပြောတယ် ။

"အခုက ဧည့်တွေ့လို့ရတဲ့ အချိန်ပဲလေ
သူ့လူနာစောင့်တွေ မလာဘူးလား "

ပုံမှန်ဆို အနီက စပ်စုတတ်တဲ့သူလည်း မဟုတ်ပါပဲနဲ့ သူမ အကြောင်းတွေကို ဘာလို့ စိတ်ဝင်စားနေလဲ အနီ ကိုယ်တိုင်တောင်မှ မသိ ။ သူမ ရဲ့
Nurse လေးကတော့ အနီ့ မေးခွန်းတွေကို သိပ်မဖြေချင်ဟန် ပုံပေါ်သည် ။

"သူ့လူနာစောင့်က မိန်းကလေး တစ်ယောက်ပဲ
ပိုက်ဆံတော့ ပုံမှန်ပို့ရှာတယ် သိပ်တော့ မလာဘူး
အရေးပေါ် ဖြစ်တဲ့အခါတွေမှ လာတာ "

"Aww "

"ဟိုလေ ... ခင် က အိပ်ပျော်သွားတာ မကြာသေးဘူး အဲ့ဒါ ... "

The Red Soul Where stories live. Discover now