29

4.4K 412 46
                                    

Unicode



မမ Suicide လုပ်ခဲ့တာကလည်း Two ကြောင့်မဟုတ်သလို Two က အနီ့ကို ချစ်မိသွားလို့လည်း မဟုတ်ပေ။ အနီကလည်း သူ့အကိုအတွက် လက်စားချေဖို့ Two ကိုအနားမှာ ခေါ်ထားခဲ့တာ မဟုတ်ဘူးဆိုတာ ဖြေရှင်းပြီးလေပြီ ။
စတွေ့ကတည်းက တစ်ယောက်ကိုတစ်ယောက်
ချစ်ခဲ့ကြတယ်ဆိုတာကလည်း အပြန်အလှန် သိသွားကြပြီမို့ ဒါဆို ဘာများလိုအပ်နေသေးလဲ ။

ဇာတ်သိမ်းခန်း
ဇာတ်သိမ်းခန်းလေးက လှလှပပ ဖြစ်အောင် သိမ်းဖို့ ဘယ်သူ့မှာ တာဝန်ရှိသလဲ မသိတော့ပဲ
တိတ်ဆိတ်သွားတဲ့ အခြေအနေကြီးမှာ နှစ်ယောက်လုံး နေရခက်နေပြီ ဖြစ်သည် ။

ထိုတိတ်ဆိတ်မှုကိုလည်း အနီကပဲ စတင် ဖျက်ဆီးပစ်လိုက်လေသည် ။

"အဲ့ဒီတော့
အနီတို့က အခု ချစ်သူတွေ ဖြစ်သွားပြီလား "

"ဟမ် !! "

"မဟုတ်ဘူးလား
အနီ့ဘက်က ဖွင့်ပြောထားတာက နှစ်ခါ ရှိပြီ
Two ဘက်ကလည်း ဝန်ခံထားတယ်လေ၊ ချစ်တယ် ဆို နှစ်ဦးနှစ်ဖက်လုံး ချစ်နေကြရင် ချစ်သူတွေပဲ မှလား ဘာလိုအပ်နေသေးလို့လဲ "

အနီ ပဲ တော်လွန်းသည် ။ ဘာလုပ်ရမှန်းမသိတဲ့ ဒီလိုအခြေအနေမှာ အနီပဲ တကယ်တော်လွန်းသည် ။

"အဲ့လို မျက်နှာကြီး လုပ်မနေစမ်းပါနဲ့ မသိရင်ပဲ
အနီ့ ဘက်က လူယုတ်မာကြီး ကျနေရောပဲ
ပြောပါအုံး ၊ ဒီအတောအတွင်း အနီ့ ကို ချစ်နေရက်နဲ့ ဘယ်လိုများ သည်းခံနေခဲ့သလဲ ဆိုတာ "

လက်မောင်းကို လာတွဲခိုရင်း ချစ်စရာကောင်းလွန်းစွာ ပြောနေပုံက အေးအေးပြေပြေလေး တိုက်ခတ်နေတဲ့ နွေဦးလေပြေလေးနဲ့တောင် ဆင်တူသည် ။ ခုနက လေမုန်းငယ် တစ်စင်း တိုက်ခတ်ခဲ့သူက သူ မဟုတ်တဲ့အတိုင်း ပြောင်းလဲနိုင်လွန်းသည် ။

အနီ့မှာ ပုံစံ ဘယ်နှစ်မျိုး ရှ်ိပါသလဲ .။

"ဟင် ... လို့ "

"ဟမ် !! ဘာလဲ "

"Two ရဲ့ အကြောင်းတွေ ပြောပြပါဆို "

"ပြောပြပြီးသား .  တွေပဲလေ "

အနီက အနည်းငယ် မျက်မှောင်ကုတ်ပြီး ကြည့်ပေမယ့် တကယ်စိတ်ဆိုးနေတာနှင့် မတူပဲ စိတ်ကောက်ချင်ဟန်ဆောင်တဲ့ ကလေးငယ်နဲ့ တူသည် ။

The Red Soul Dove le storie prendono vita. Scoprilo ora