UNICODE
"Two ငါ .. ငါ မှားသွားတယ်ထင်တယ်
ငါ နင့်ကို ပိုင်ဆိုင်ချင်လွန်းလို့ သူတို့ပြောတာကို ငါ သဘောတူမိတာ"အနီ က စိတ်တွေလောပြီး Two ထွက်သွားမှာ စိုးသည့်အလား လက်တွေကို ဖမ်းဆွဲထားကာ ပြောချင်တာတွေကို ဗလုံးဗထွေးနဲ့ စ ပြောတော့
Two က မျက်မှောင်ကျုံ့လျက်က ပြန် မေးသည် ။"အနီ ဘာတွေပြောနေတာလဲ "
"သူတို့က .. ခင့်ကို ခေါ်သွားချင်တယ် လို့ ပြောတယ် ဒါပေမယ့် ခင့် ကို အသက်အန္တရာယ်မရှိစေရဘူးဆိုတာ စိတ်ချမှ ထည့်ပေးလိုက်တာပါ "
Two ရဲ့ တုံ့ပြန်မှုကို အကဲခတ်ကြည့်ကြည့်လိုက်ပေမယ့်သူမ က ခန့်မှန်းရခက်အောင် ငြိမ်သက်လွန်းနေသည် ။ ဘာလို့မှန်းမသိ ထိုငြိမ်သက်နေပုံက ပိုပြီးတော့ ထိတ်လန့်စရာကောင်းသည် ။ မျှော်လင့်ထားခဲ့ပြီးသားဆိုပေမယ့် ပိုပြီးတော့ ထိတ်လန့်တုန်လှုပ်လာပြီး မျက်ရည်တွေက အလိုလို စီးကျလာပြီး အသံတုန်တုန်ကို
Two နားလည်နိုင်အောင် အတတ်နိုင်ဆုံး ထိန်းပြီး အဆုံးထိ ပြောပြနိုင်ရင် အဆုံးသတ်မှာတော့ အခွင့်အရေး ပိစိလေးများ ရလေမလားဆိုတဲ့စိတ်နဲ့ ။"Two ရဲ့ မမ က အခု ကောင်းကောင်းမွန်မွန် ရှိနေပါတယ် ဘယ်နေရာမှာလည်း ဆိုတာလည်း အနီ သိထားတယ် ဒါပေမယ့် အနီ ပြောလိုက်ရင် Two အဲ့ဒီနေရာကို ချက်ချင်း ထွက်သွားလိုက်မှာ ကြောက်တယ် ။ နောက်တစ်ခါ အနီ့ကို ထပ်ပြီးခွဲသွားမှာ ကြောက်တယ် ၊ Two က ခင့်ထက် အနီ့ကို ရွေးချယ်လိမ့်မယ်လို့ ယုံကြည်ချက်မရှိဘူး ၊ အဲ့ဒါကြောင့် ဒီအကြောင်းတွေကို မပြောပြခဲ့တာ "
"အခုက ဘာဖြစ်လို့ ပြောပြတာလဲ ၊
ဒီလောက်ထိ ငိုနေပြီးတော့ ပြောပြရအောင်
ဘာတွေ အလောတကြီး ဖြစ်နေရတာလဲ ၊ "Two ရဲ့ စကား က ဘယ်လိုမျိုးလဲ
အနီ့လုပ်ရပ်အပေါ် အပြစ်တင်လိုဟန် မပါပဲ
အနီ အခုလို ပြောပြတာကိုပဲ အပြစ်တင်လား နားမလည် ။"ဟမ် !! "
"ဘာအတွက်ပဲ ဖြစ်ဖြစ် ၊ အနီ က ငါ့ရှေ့ မငိုနဲ့လို့
ပြောတာ ၊ လာ .. မျက်ရည်တွေ သုတ်ပေးမယ်
အေးဆေးပြောပြနော်"
![](https://img.wattpad.com/cover/211387778-288-k892461.jpg)