32

3.6K 375 32
                                    

Unicode

"အိမ်ကို အလည်လာခဲ့ကြပါအုံး " ဆိုတဲ့ ဖိတ်ခေါ်မှုလေးက အနီ့မိဘတွေဘက်က လိုလိုလားလား
စတင်ရောက်ရှိလာတဲ့အခါ အနီ က ပျော်သည် ။
အနီ ပျော်တဲ့အခါ Two လည်း ပျော်ရသည် ။

အနီ့ အဖေ က သိပ်ဖော်ရွေဟန် မပြပေမယ့်
မလိုလားဟန်လည်း မရှိ ။ အနီ နှင့် သဘောတူထားခဲ့သည့် ဆရာဝန်လေး နဲ့လည်း မိတ်ဆွေမပျက်  မိသားစုဝင် အရင်းတွေလို ဖြစ်နေတာမို့
ဒီအခြေအနေလေးတွေဟာ တကယ့်ကိုပဲ ကောင်းမွန်တဲ့ ရာသီဥတုလေးနဲ့တောင် တူသည် ။

မိသားစုဆိုတဲ့ ခံစားချက်လေးကို အနှစ် ၂၀ ကျော်ကြာမှ နောက်တစ်ကြိမ် ပြန်လက်ခံရယူ နိုင်တာကို သဘောကျမိပြီး အနီ့ကို ကျေးဇူးတင်ရသည် ။ တစ်ခါတစ်ရံ အနီ့ဆီက အများကြီး ယူမိပြီလားလို့ တွေးမိတော့ ကိုယ်က ဘာမှ ပြန်လုပ်မပေးနိုင်ခဲ့တာကို ပြန်တွေးမိသည် ။ အနီကတော့ ပြောပါသည် ။ အနီ့ဆီက ယူထားသမျှတွေကို အနီ့အနားမှာ နေရင်း တစ်ဘဝလုံးဆပ် တဲ့ ။

"ငါ အလုပ်လုပ်ချင်တယ် "

"အနီ့ ချစ်သူလုပ်လေ လစာပေးမယ် "

နောက်ဆုံးတော့ အလုပ်လုပ်မယ် ဆိုတဲ့ အစီအစဉ်လည်း ထိုစကားနဲ့တင်ပြတ်ခဲ့ရ၏ ။

ခက်ခက်ခဲခဲ ကားမောင်းသင်ပြီး အနီ့ကို အလုပ်လိုက်ပို့ အနီ့ အနားမှာထိုင်ကာ အနီ ခေါင်းရှုပ်လာပြီ ထင်ရရင် အချိုရည်လေးတွေ သွားယူပေးတာမျိုး ၊ ဒီအတိုင်း အသေးအမွှားလေးတွေကိုပဲ တာဝန်ယူနိုင်တဲ့ Two က မိန်းကလေး နှစ်ယောက်ရဲ့ relationship မှာ အနည်းငယ် သိမ်ငယ်စရာ ရှက်စရာ ကောင်းသည်ဟု အစပိုင်းမှာ တွေးမိသေးပေမယ့် အနီ ကြိုက်တတ်တဲ့ စတော်ဘယ်ရီရေခဲမုန့် ကို အလိုက်တသိ ဝယ်ပေးတာက အစ နဖူးလေး ခပ်ဖွဖွ နမ်းလိုက်တာအဆုံး လုပ်ပေးဖြစ်တိုင်း အနီ့ ဆီက နူးနူးညံ့ညံ့ အပြုံးလေး လက်ခံရယူလိုက်ရသည့်အခါ Two  လုပ်ပေးသည့်အရာတွေက အသေးအမွှားလေး မဟုတ်တော့သလိုမျိုးပဲ ။  အနီ က Two အတွက် ကြီးကျယ်သော ကမ္ဘာလေးတစ်ခုကို ဖန်တီးပေးထားခဲ့သည် ။

"အနီရေ . ဒီနေ့ နွယ်တို့ အသိ ဆရာဝန်နဲ့ လိုက်တွေ့ဖို့ ချိန်းထားတယ်နော်  "

The Red Soul Where stories live. Discover now