Chapter 2

15K 1.4K 12
                                    

(Unicode)

နေ့လယ်ခင်း အတန်းတွေက သီအိုရီပိုင်းတွေ ချည်းပါပဲ။ အင်မတန် ပျင်းရိစရာကောင်းတဲ့နေ့လယ်ခင်းပေါ့။ အင်တာနက်ပေါ် တက်ကြည့်မယ်ဆိုရင်တော့ Xiao Zhan ရဲ့ ပထမဦးဆုံးစာသင်ချိန်အကြောင်းကို ဆွေးနွေးနေကြတာ တွေ့ရလိမ့်မယ်။ ပြည်သူတွေလည်း ဒီကိစ္စကို တော်တော်စိတ်ဝင်စားကြတယ်ထင်ပါတယ်။ နာမည်ကြီး သတင်းဌာနတွေရဲ့ ဒီအကြောင်းအရာကို ဖော်ပြထားတဲ့ သတင်း စာမျက်နှာတွေမှာဆိုရင် comment တွေ ပြည့်သိပ်နေတာပဲ။

"တကယ်ပဲ ငါတို့ရဲ့ General XiaoZhan လား"

"General XiaoZhan ပြန်လာပြီ 🥰။ ငါသူ့ကို မမြင်ရတာ ကြာလို့ အရမ်းလွမ်းနေတာ"

"သူကို ဘာလို့ စစ်တပ်ထဲ ပြန်ထည့်တာလဲ။ ဒါ ဘယ်လောက်အန္တရာယ်များလဲ မသိကြဘူးလား"

"အပေါ်က လူ, ဘယ်သူကများ ငါတို့ General XiaoZhan ကို အန္တရာယ်ပေးနိုင်မှာလဲ"

"ဒါပေမယ့် လူအင်အားများရင် ငါတို့ General ဘာတတ်နိုင်မှာလဲ။ စိတ်ပူတယ်"

XiaoZhan ရဲ့ second gender ပြောင်းလဲခြင်း ကိစ္စက အင်ပိုင်ယာ တစ်ခုလုံး မသိသူမရှိသလောက်ပါပဲ။ ခုလို အားလုံးသိအောင်လည်း တစ်ဖက်က လုပ်သွားတာကိုး။ ထားပါတော့။

ညနေအတန်းပြီးတော့ ကန်တင်းက ညစာဝယ်လာပြီး Yibo အဆောင်ကို ပြန်လာခဲ့တယ်။ မနက်တုန်းကလို အဆောင်မှာ တစ်ယောက်တည်း ရှိမယ်ထင်ပေမယ့် ဝင်ဝင်ချင်းမှာပဲ စကားပြောသံအချို့ ကြားလိုက်ရတာကြောင့် သူ့အခန်းဖော်တွေ ရောက်နေပြီဆိုတာ သိလိုက်ရတယ်။ စကားပြောသံဆိုတာထက် အငြင်းပွားနေသံဆိုရင် ပိုမှန်မယ်ထင်တယ်။

"ကဲ ကဲ နှစ်ယောက်လုံး တော်ကြတော့။ ငါတို့ တစ်နှစ်လုံး အတူနေရမှာ။ အချင်းချင်း မသင့်မြတ်ရင် ငါတို့ရဲ့ ကျောင်းစာတွေအတွက်လည်း အနှောင့်အယှက်ဖြစ်လိမ့်မယ်"

တတိယ အသံပိုင်ရှင်က ခုနက နှစ်ယောက်ကြားကို ဝင်ဖြန်ဖြေတယ်။

"နောက်တစ်ခါ သူ့ကို အဲလိုစကားတွေသာ မပြောစေနဲ့"

"ငါပြောတာ မှားလို့လား။ သူသာ အရှက်ရှိရင် စစ်တပ်ထဲပြန်မလာသင့်ဘူး။ သူ့ကြောင့် ငါတို့ Tian Gu ဘယ်လောက် သိက္ခာကျခဲ့ရလဲ မသိဘူးလား။ ခု LanXi ကိုပါ လာပြီး သိက္ခာချနေတာလား"

For YouWhere stories live. Discover now