Chapter 19

9.1K 1.2K 45
                                    

(Unicode)

ခဏကြာတော့ Yibo ဆီက ph ပြန်ဝင်လာတယ်။

"Hello Yibo"

"General ခုနတုန်း​က ကျွန်တော်.... "

စကားက ဆက်မလာပဲ လမ်းမှာ ရပ်သွားပြန်တယ်။

"ကျွန်တော် တမင်ချပစ်တာ မဟုတ်ဘူး။ ကျွန်တော်က ဒီအတိုင်း...လက်က ချော်ပြီး ထိသွားတာ... အင်း.. ဟုတ်တယ်.. အဲဒီလိုပဲ"

နောက်ပြီး သူ တံတွေးမျိုချတယ်။ ဟုတ်တယ် အသေအချာ ကြားလိုက်ရတာ။ မသိရင် တစ်ဖက်က သူ့ကိုယ်သူ ကြိုးစားပမ်းစား အယုံသွင်းနေရသလိုမျိုးနဲ့။

"General ခုနက ဘာကိစ္စနဲ့....."

Yibo က ဒီတစ်ခါလည်း စကားကို ဆုံးအောင်မပြောပဲ ရပ်သွားပြန်တယ်။

သူ ဘာတွေ ဖြစ်နေတာလဲ။

"Yibo, အဆင်ပြေရဲ့လား"

"တောင်းပန်ပါတယ် general ကျွန်တော် စိတ်နဲ့ကိုယ်နဲ့ သိပ်မကပ်ဘူးဖြစ်နေတယ်။ တောင်းပန်ပါတယ်"

"မဟုတ်တာ မဟုတ်တာ။ မင်းအရမ်းပင်ပန်းနေတာကို ကျွန်တော်နှောက်ယှက်လိုက်မိပြီထင်တယ်။ ကောင်းကောင်း အနားယူလိုက်ပါဦး။လာမယ့် စနေနေ့မှ တွေ့ကြတာပေါ့"

ဒီတစ်ခါ ph အရင်ချတဲ့သူကတော့ XiaoZhan ပေါ့။ သိပ်စကားမပြောလိုက်ရပေမယ့် Yibo ရဲ့ ကို့ရို့ကားယားအခြေအနေက သူ့ကို စိတ်ကြည်သွားစေတာတော့အမှန်ပဲ။

XiaoZhan သူတို့ရဲ့ base ကို ပြန်ရောက်တော့ ပုံမှန်လူစုံတဲ့ base က လောလောဆယ်တော့ စိတ်မကောင်းစရာ ခြောက်သွေ့နေတာပဲ။ အားလုံး အားမှမအားကြပဲ။ Professor Ming Yu, Si Zhui နဲ့ Jing Yi က YZ ထုတ်လုပ်ရေးအတွက် အဓိက အာရုံစိုက်ထားရပြီးတော့ JiangCheng နဲ့ RuLan က လူမနေတဲ့ ဂြိုဟ်တစ်ခုကို သွားပြီး သူတို့ရဲ့ လက်နက်သစ်တွေကို စမ်းသပ်ဖောက်ခွဲနေကြတယ် ထင်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် လောလောဆယ်တော့ သူတစ်ယောက်တည်းပေါ့။ ဒါကြောင့် အပျင်းပြေအနေနဲ့ သူ့ညီလေးပေါက်စရဲ့ ဓာတ်ပုံတွေ ထိုင်ကြည့်နေလိုက်တယ်။ ကလေးက လသားပဲ ရှိသေးပေမယ့် Alpha မို့လို့လားမသိဘူး အရမ်းထွားတာပဲ။ ကြီးလာရင်လည်း အရပ်အရှည်ကြီးနေမှာ။ ဒီပုံတွေက Cai Ying ပို့ပေးထားတာ။ အဲတစ်ယောက်က XiaoZhan အိမ်တော်က ထွက်လာခဲ့ပြီဆိုပေမယ့်လည်း သူ့ကို ကူညီပေးနေတုန်းပဲ။ အဲနောက်မှာတော့ XiaoZhan က ရေချိုး အစာစားပြီး Heaven က ပို့တဲ့ အစီရင်ခံစာတွေကို ထိုင်ဖတ်ရတော့တယ်။ ဖတ်နေတုန်းမှာပဲ သူ့ဆီကို မမျှော်လင့်ထားတဲ့ mail တစ်ခု ဝင်လာခဲ့တယ်။ ဆရာကြီး Ming Yu ဆီကပါ။ mail ထဲမှာ YZ ထုတ်လုပ်ဖို့အတွက် လက်ရှိသုံးနေတဲ့ mining operation process တစ်ခုလုံးပါတယ်။ သူ့ရဲ့ method တွေ technique တွေနဲ့ equipment တစ်ခုချင်းစီရဲ့ တပ်ဆင်ပုံ နဲ့ အသုံးပြုပုံအဆင့်ဆင့်တွေပါ ရေးထားတာ။ ပြောရရင် နောက်ထပ် သတ္ထုထုတ်ဖို့ စက်ယန္တယားတစ်ခုလုံးတည်ဆောက်နိုင်မယ့် အချက်အလက် အပြည့်အစုံပေါ့။ ဒါပေမယ့် သူ့ကို ဘာလို့ ဒါတွေ လာပို့လည်း စဉ်းစားလို့ မရဘူး။ ဆရာကြီးက Si Zhui ကို မြင်မြင်ချင်း သဘောကျခဲ့တယ်။ JiangCheng တုန်းက မပြီးမြောက်ခဲ့တဲ့ အိပ်မက်ကို အကောင်အထည်ဖော်ချင်တဲ့ပုံပါပဲ။ ဒါပေမယ့် ဒီ data တွေကို ဘာလို့ Si Zhui ကို မပေးပဲ သူ့ဆီ လာပို့ရတာလဲ။ XiaoZhan ဖုန်းဆက်ဖို့ စဉ်းစားလိုက်ပေမယ့် အချိန်အရ မသင့်တော်တော့ဘူး။ ဒါကြောင့် နောက်နေ့မှဆက်မယ်ဆိုပြီး ဒီကိစ္စကို အာရုံထဲက ထုတ်ပြီး အစီရင်ခံစာတွေကိုပဲ ဆက်ကိုင်တယ်။ ဒီလိုနဲ့ မနက် ၁ နာရီလောက်မှာတော့ တစ်ယောက်တည်းရှိခဲ့တဲ့ Base ကို နောက်ထပ် လူတစ်ယောက်ရောက်လာခဲ့တယ်။

For YouWhere stories live. Discover now