Chapter 25

9.6K 1.2K 44
                                    

(Unicode)

Hey, it's 11:33. I'm safeeeeee( shamelessly screaming)

R 57 ကို သွားဖို့ ပြင်နေခဲ့တဲ့ Yibo သူ့ဦးတည်ရာကို ရောက်ဖို့ တစ်ရက်အလိုမှာပဲ သူစောင့်နေခဲ့တဲ့ Jing Yi ဆီက message ရောက်လာခဲ့တယ်။ အမှန်အတိုင်းပြောရရင် သူလည်း ရှုပ်ထွေးလွန်းတဲ့ R 57 ဆီ XiaoZhan ကို ခေါ်မသွားချင်ပါဘူး။ ဒီတစ်ယောက်​က ဆေးရုံတက်ဖို့ လိုအပ်နေခဲ့တာမို့သာ သွားဖို့ ဆုံးဖြတ်ခဲ့ရတာ။

"Flame, မြို့တော်ကို ပြန်ကြမယ်။ Portal ကိုပဲ တိုက်ရိုက် ခုန်လိုက်ပါ​။ ဒါပေမယ့် coordinate ကို သေချာစစ်ဦး။ အဲဒီမှာ ရှိနေတဲ့ ယာဉ်တွေနဲ့ ဝင်မတိုက်မိစေနဲ့"

Yibo က Flame ကို အမိန့်ပေးပြီးတာနဲ့ သက်တောင့်သက်သာဖြစ်အောင် ပြင်ထားတဲ့ အိပ်ယာကို ထိုင်ခုံတွေအဖြစ်ပြန်ပြောင်းလိုက်တယ်။ အိပ်ပျော်နေတဲ့ တစ်ယောက်ကိုလည်း seatbelt တွေ သေချာ တပ်ဆင်ပေးရင်းနဲ့ပေါ့။

"Initiate hyper jump in.... 3..2..1"

အဲဒီနောက် Yibo ရဲ့ မျက်လုံးတွေ ပြာဝေသွားပြီး မျက်လုံးပြန်ဖွင့်လိုက်တဲ့အခါ သူ့ရှေ့မှာ Tian Gu ရောက်နေခဲ့ပြီ။

"Flame, Imperial Hospital ကို တန်းသွားပါ"

Imperial Hospital ဆိုတာ နာမည်အတိုင်းပဲ တော်ဝင်မျိုးနွယ်တွေနဲ့ Noble family, aristocrat တွေအတွက် ရည်ရွယ်ပြီး ဖွင့်ထားတဲ့ ဆေးရုံပါ။ ဆိုပေမယ့်လည်း မင်းမှာ ငွေရှိရင်တော့ Noble title မရထားလည်း ဝင်တက်လို့ ရပါတယ်။

ဆေးရုံရှေ့မှာ Flame ကို ရပ်လိုက်တဲ့အခါ အားလုံးက အထူးအဆန်းဝိုင်းကြည့်ကြတယ်။ အများအားဖြင့် ဆေးရုံလာတက်ရင် ship အငယ်စားလေးတွေနဲ့ပဲ လာကြတာပါ။ ဒီတစ်ယောက်လို mecha ကြီးနဲ့ ရောက်ချလာမျိုး အရမ်းရှားပါတယ်။ နေပါဦး ဒါ General XiaoZhan ရဲ့ Flame မဟုတ်လား။ Tian Gu က လူတွေအနေနဲ့ Hong Hong တို့ Saber တို့ကို သိပ်မသိကြပေမယ့် Flame က Blue နဲ့အတူ နာမည်ကြီးမို့ သူ့ကို မြင်တာနဲ့ မှတ်မိကြတယ်။ မကြာခင်မှာပဲ cockpit ပွင့်လာပြီး စစ်ဝတ်စုံနဲ့ လူငယ်တစ်ယောက်က နောက်ထပ်တစ်ယောက်ကို ပွေ့ချီပြီး ထွက်လာတယ်။ အာ လူနာပဲ။

အဲဒီအခါကျမှ ငေးကြည့်နေမိတဲ့ သူနာပြုနဲ့ ဆရာဝန်တွေ ထွက်လာပြီး XiaoZhan ကို hospital bed ပေါ် ပြောင်းတင်လိုက်ကြတယ်။ ကျိန်ပြောပါတယ် ပုံမှန်ဆို သူတို့ ဒီလို ငေးမကြည့်ကြပါဘူး။ ဒီကို လာတဲ့လူနာအများစုက အထက်တန်းလွှာကမို့ သူတို့လာတဲ့အခါ အမြဲတမ်းပဲ မျက်စိကျိန်းလောက်အောင် ကိန်းကြီးခမ်းကြီး လာလေ့ရှိတာမို့ Imperial Hospital မှာ အလုပ်လုပ်တဲ့ဝန်ထမ်းတွေအနေနဲ့ တော်ရုံဆို အထင်ကြီးမှင်သက်မိနေတာမျိုး မဖြစ်တော့ဘူး။ အချို့ဆို ဘာရောဂါမှ မရှိပဲ ရောဂါလိုချင်လွန်းလို့ လာလာရှာကြတာလည်း ရှိတယ်။ အရမ်းပြည့်စုံနေတဲ့အခါ ညည်းညူစရာတစ်ခုခု လိုချင်တဲ့သဘောပေါ့။ အဲလိုလူတွေ လာတဲ့အခါ ဆေးရုံနဲ့ ပါတီပွဲ မှားဝတ်လာသလားထင်ရအောင် လက်လက်တောက်နေကြတာပါ။ ဒါကြောင့် ဆရာဝန်တွေ သူနာပြုတွေအနေနဲ့ သူတို့ကို လျစ်လျူရှုတတ်လာတယ်။ ဒါပေမယ့် ခုလို S class mecha ကြီးနဲ့ ရောက်ချလာတာကတော့ ပထမဆုံးမို့။ နောက်ပြီး သာမန် S class တောင် မဟုတ်ဘူး။ Flame နဲ့လေ။

For YouHikayelerin yaşadığı yer. Şimdi keşfedin