(Unicode)
ခု သူ့ရှေ့မှာ ရှိနေတာ သံချေးတက်နေတဲ့ အညိုရောင် သံတံခါးတစ်ခု။ မသိရင် ဟိုးအရင်တုန်းက သုံးခဲ့တဲ့ ထောင်တံခါးတွေကျနေတာပဲ။ ဒါပေမယ့် ဒါဟာ မိဘမဲ့ ဂေဟာတစ်ခုရဲ့ ဝင်ပေါက်ပါ။ နောက်တစ်မျိုး ပြောရရင်တော့ Yibo ကြီးပြင်းခဲ့တဲ့ နေရာပေါ့။ အပေါက်ဝမှာ မတ်တတ်ရပ်နေရင်းနဲ့ လူခေါ်ဘဲ တစ်ခုကို နှိပ်လိုက်တယ်။ ဒီနေရာမှာ ခုလို ရှေးကျနေတဲ့ အသုံးဆောင်တွေပဲ သုံးတယ်။ စက်ရုပ် တစ်ရုပ်တောင် မရှိတဲ့ နေရာပေါ့။ ခဏကြာတော့ သက်လတ်အရွယ် အမျိုးသမီးတစ်ဦးက တံခါးလာဖွင့်ပေးတယ်။ သူမက Yibo နေခဲ့တဲ့အချိန်ကတည်းက ဒီမှာ ထမင်းချက်အဖြစ် တာဝန်ထမ်းနေခဲ့တာ။ အမှန်တော့ ထမင်းချက်တင်မကပါဘူး။ သူမအလုပ်က အမျိုးစုံပါပဲ။ ဥပမာ ခုလို တံခါးလာဖွင့်ပေးတာမျိုးပေါ့။
"ဘယ်သူနဲ့ တွေ့ချင်လို့လဲ ရှင့်"
"မတွေ့ရတာ ကြာပြီ အန်တီ လီ။ ကျွန်တော် Wang Yibo ပါ။ ကျောင်းအုပ်နဲ့ တွေ့ဖို့ လာခဲ့တာ"
"အာ Yibo... အမယ်လေး ကြည့်ပါဦး ချောလာလိုက်တာ အရပ်ကြီးလည်း ရှည်လို့...လာ လာ အထဲကို"
အန်တီလီက ဝမ်းသာအားရ တံခါးဖွင့်ပေးပြီး သူ့ကို ဝင်စေတယ်။
"မင်း LanXi က ကျောင်းသားကြီး ဖြစ်သွားပြီဆို။ ဘယ်နှစ်ရောက်ပြီလဲ။ ဒီကြားထဲ ကျောင်းအုပ်က မင်းအကြောင်း ခဏ ခဏ ပြောနေတာ။ ကလေးတွေ မင်းကို အားကျအတုယူနိုင်အောင်လို့ ဆိုပြီးတော့"
ကျောင်းအုပ်ရဲ့ ပုံပြင်တွေထဲက ဇာတ်လိုက်မင်းသားက XiaoZhan ကနေ သူအဖြစ်ပြောင်းသွားတာ ကြားတော့ Yibo နည်းနည်းတော့ ပြုံးမိတယ်။
အန်တီလီ က နည်းနည်းတော့ စကားပြောရတာ နှစ်သက်တဲ့လူတွေထဲ ပါတယ်။ သူ့မှာ ဂေဟာ တစ်ခုလုံး ကလေးတွေ ချည်းပဲ ဆိုတော့ စကားပြောစရာ လူလည်းမရှိဘူးထင်ပါတယ်။ Yibo ရောက်လာတော့ ရေပက်မဝင်အောင်ကို ပြောတော့တာ။ အသစ်ရောက်လာတဲ့ ကလေးတွေအကြောင်းရော အစုံပဲပေါ့။ ခဏကြာတော့ကျောင်းအုပ်ဘက် စကားပြန်လှည့်တယ်။
"ကျောင်းအုပ်က ခုတလော ကျန်းမာရေး သိပ်မကောင်းဘူးကွဲ့"
"ဟုတ် ကျွန်တော် သိထားပါတယ်"
YOU ARE READING
For You
Fanfiction(Unicode) အချို့လူတွေက ကိုယ်ပိုင်ယုံကြည်ချက်နဲ့ အနာဂတ်မှာ ဘာဖြစ်ချင်လဲ တိတိကျကျ သိကြတယ်။ အချို့ကတော့ လူတစ်ယောက်ကို အခြေခံပြီးမှ ကိုယ့်အိပ်မက်တွေကို သတ်မှတ်ကြတယ်။ Yibo က ဒုတိယ လူအမျိုးအစားပါ။ (Zawgyi) အချို့လူတွေက ကိုယ်ပိုင်ယုံကြည်ချက်နဲ့ အနာဂတ်မှာ...