Chapter 30

10.5K 1.2K 36
                                    

(Unicode)

RuLan ရဲ့ ငိုသံက ဖြေးဖြေးချင်း တိတ်သွားတယ်။ သူ စိတ်ကျေနပ်စရာ စကားကို ကြားလိုက်ရလို့လည်း ဖြစ်နိုင်ပြီး ဒီအရွယ်ရောက်မှ ငိုနေလို့ နည်းနည်းရှက်သွားတာကြောင့်လည်း ဖြစ်နိုင်တယ်။

"Ge ge မကောင်းဘူး"

"အင်းပါ ge ge မကောင်းမှန်းသိပါတယ်။ မင်းကို နားလည်ပါတယ်။ မင်း ဆန္ဒအတိုင်း ဖြစ်မလာပေးနိုင်တာ တကယ်ပဲ စိတ်မကောင်းဘူး"

"ဟင့်အင်း"

ဒီလိုကျတော့လည်း မဟုတ်ပြန်ဘူး။ RuLan က စိတ်တိုင်းကျ အော်ခဲ့ပြီးပြီဆိုတော့ အခု နည်းနည်း အသိတရား ဝင်လာတဲ့ပုံပဲ။ အထူးသဖြင့် XiaoZhan က  သူ့လို spoiled brat ကို ပြန်မအော်တဲ့အပြင် ပြန်တောင်းပန်နေတဲ့ အတွက် ထပ်ပြီး ဆိုးရမှာ အားနာလာတာ။ XiaoZhan ကို စိတ်ဆင်းရဲအောင် လုပ်မိတာလည်း တဖြေးဖြေးနဲ့ စိတ်မကောင်းဖြစ်လာမိတယ်။ XiaoZhan က ဘာလို့ သူ့ကို တောင်းပန်ရမှာလဲ။ အားလုံးက သူတစ်ယောက်တည်း စိတ်ကူးယဉ်ခဲ့တာ မဟုတ်လား။ အဲစိတ်ကူးကို ဖြည့်ဆည်းပေးဖို့ XiaoZhan မှာ တာဝန်မှ မရှိပဲ။

"ကျွန်တော်မှားသွားတာပါ ge ge. Ge ge မှာလည်း ge ge ဘဝရှိမှာပေါ့။ ကျွန်တော် သဘောမတူတာနဲ့ပဲ အော်စရာမှ မဟုတ်ပဲ"

RuLan ရဲ့ လေသံက နည်းနည်း တည်ငြိမ်လာတယ်။

"ဒီလိုဆိုရင် ငါတို့ RuLan လေးက တော်တော် ရင့်ကျက်လာတာပဲ"

RuLan က ဘာမှ ပြန်မပြောဘူး။ အမှန်တော့ ဒီကိစ္စဒီလို ဖြစ်သွားတာ သူ့ကြောင့်လည်း ပါပါတယ်။ Yibo ရဲ့ စိတ်ကို သိရဲ့သားနဲ့ ဒီတစ်ယောက်က သူ့အစ်ကိုအတွက် ဘယ်နည်းနဲ့မှ ပြိုင်ဘက်မဖြစ်နိုင်ဘူး ဆိုပြီး စိတ်ပေါ့ခဲ့တာ။ Ge ge အတွက် ဆေးတွေကိုတောင် အဲတစ်ယောက်မှာလို့ ယူသွားပေးခဲ့သေးတယ်။

"Ge ge စိတ်ပိုင်းဖြတ်ပြီးသွားပြီလား"

XiaoZhan က ဒီမေးခွန်းကို ချက်ချင်း ပြန်မဖြေပဲ ခဏ ရပ်ပြီး စဉ်းစားတယ်။ စိတ်ပိုင်းဖြတ်ပြီးပြီလား ဆိုတာထက် စိတ်ပိုင်းဖြတ်မှုက ဘယ်လောက်ထိ စိတ်ရင်းပါသလဲ တစ်နည်းအားဖြင့် သူနဲ့ Yibo ရဲ့ relationship က ဘယ်လောက်ထိ လေးနက်လဲ ဆိုတာကိုပါ။

For YouDonde viven las historias. Descúbrelo ahora