Chapter 14

8.5K 1.1K 21
                                    

Sorry for the super late update 🙇‍♀️.

(Unicode)

အစိမ်းရောင် screen မှာ အနီရောင် အစက် ၁ စက်က တဖြေးဖြေးနဲ့ Yibo ရှိရာကို ရွေ့လာတယ်။

3 meter

2 meter

1 meter

ဟုတ်ပြီ။

အဲဒီနောက် Yibo ရဲ့ ခေါင်းပေါ်ကနေ အရိပ်မည်း တစ်ခု ဖြတ်သွားတယ်။ ဒါကို Yibo ကလည်း လက်လွှတ်မခံပါဘူး။ Level 4 Boe တစ်ကောင်က သူ့အတွက်တော့ ၈ မှတ်ပဲ။
ရေစီးကြောင်း အရှိန်နှုန်းတွေကို သေချာတွက်ချက်ပြီးတဲ့ အခါမှာတော့ လက်နက်ငယ် တစ်ခုနဲ့ စပစ်လိုက်တယ်။ ပေါက်ကွဲမှုများတဲ့ လက်နက်သုံးချင်ပေမယ့် သူ့မှာ အဲဒါတွေ ကုန်သွားပြီ။ မတတ်နိုင်ဘူး ရှိတာပဲ သုံးရမှာပဲ။ Boe တွေက အရမ်းတုံးတယ်။ အရမ်းလည်း ဒေါသထွက်အောင် ဆွရလွယ်တာ။ Yibo က စနောက်တာ ဝါသနာ မပါတဲ့အတွက် ဒီကောင်ကို အပျင်းပြေစနေတာ မဟုတ်ပါဘူး။ သူ့ ရည်ရွယ်ချက်က သတ်ဖို့။

ထင်တဲ့အတိုင်းပဲ တုံးတဲ့ Boe က ကျောက်နံရံ ၂ ခုကြားက ချောက်ထဲမှာ ရှိနေတဲ့ Yibo ဆီ အတင်းတိုးဝင်လာပါတယ်။ သူ့ခန္ဓာကိုယ်နဲ့ ဝင်ဆောင့်မှုက ဘေးက နံရံတွေမှာ တုန်ခါမှုတွေတောင် ဖြစ်သွားစေတယ်။ Yibo ရဲ့ mecha ဟာလည်း အရှိန်ကြောင့် နောက်​ကို လွင့်သွားတယ်။ ဒါပေမယ့် ဘယ်လိုပဲ ဝင်ဆောင့်ပါစေ Boe ဟာ သူ့ ခန္ဓာကိုယ် အရွယ်အစားကြောင့် ဝင်လို့မရဘူး။ ၃ ခါလောက် ကြိုးစားပြီး မအောင်မြင်တဲ့အခါမှာတော့ Boe က လက်လျှော့ပြီး ထွက်သွားဖို့ ပြင်တယ်။ ဒါပေမယ့် Yibo က ပေးမသွားပါဘူး။ ခုနက လွင့်စင်ထွက်လာတဲ့ ကျောက်တုံးနဲ့ လက်နက်ထိထားလို့ အတွင်းသားတွေပေါ်နေတဲ့ ဒဏ်ရာကို ပစ်ပေါက်ပါတယ်။ ရေထဲမှာဆိုတော့ အရှိန်က သိပ်မပြင်းဘူး။ Yibo ဗျူဟာပြောင်းမှ ဖြစ်တော့မယ်။ ပထမဆုံး ရေအောက်ဆင်းတဲ့နေ့က တွေ့ထားတဲ့ ကျောက်ဆွယ်အချွန်တွေဘက်ကို ခေါ်သွားမှ ဖြစ်မယ်။ သူ့ ခြေထောက်အောက်ကို booster သွင်းပြီး ချောက်အပေါ်ဘက်ကို တက်လာခဲ့လိုက်တယ်။ Boe က သူ့ကို အာရုံစိုက်နေသေးအောင် နောက်ထပ် ကျောက်တုံးတွေနဲ့ ပစ်ပေါက်ပြီး မျှားခေါ်လာရသေးတယ်။ နောက်တော့.. အင်း နောက်တော့ ကျောက်ဆွယ်အချွန်တွေကြားမှာ လှည့်ပတ်သွားနေတဲ့ Yibo နောက် လိုက်ရင်းပဲ အဲဒီ Boe လည်း သွေးထွက်လွန်ပြီး သေသွားတယ်။ပြောပါတယ် သူတို့က အင်မတန်တုံးပါတယ်ဆို။ Boe ရဲ့ အလောင်းကို scanner နဲ့ ချိန်လိုက်တော့ ချက်ချင်းပဲ Yibo  ရဲ့ ID ထဲကို ၈ မှတ် ဝင်လာတယ်။ ခုဆို ၇၄၈ မှတ် ရှိပြီ။

For YouWhere stories live. Discover now