(Unicode)
မနေ့က mecha တိုက်ပွဲမှာ ကိုယ်တိုင်ဝင်ပါလိုက်ရလို့ စိတ်ကြည်သွားတဲ့ XiaoYi လေးဟာ ဒီနေ့တော့ အိမ်ပြန်ရမယ်ဆိုလို့ စိတ်ကောက်တယ်။
"Ge ge ညာတယ်"
XiaoYi က သူ့ရှေ့မှာ ရောက်နေတဲ့ Cai Ying ကို ကြည့်ပြီး မျက်မှောင်ကြုတ်လျက်သားနဲ့ ပြောတယ်။
"သခင်လေး XiaoZhan က ဘာမှ မပြောပါဘူး။ ဒါပေမယ့် သခင်လေး ဒီကိုလာတုန်းက အများသုံးယာဉ်ကြောင်းကို အသုံးပြုခဲ့တယ်မဟုတ်လား။ ကျွန်တော် အဲဒီကနေ သိခဲ့တာ"
Cai Ying ရဲ့ စကားကို ကြားတော့ XiaoYi က တစ်ခုခုကို သတိရတဲ့ပုံနဲ့ မျက်နှာပျက်သွားတယ်။ ဟုတ်သားပဲ မနေ့က အိမ်က ယာဉ်တစ်စီးစီးနဲ့ခိုးထွက်ရင် ခြေရာခံစနစ်ကြောင့် ဘယ်သွားမှန်း သိမှာစိုးလို့ဆိုပြီး အများသုံးယာဉ်ကို စီးခဲ့တာ။ ဒါပေမယ့် သူ့ရဲ့ bank account သုံးစွဲမှုက လမ်းစဖြစ်နေလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး။ အမှန်တော့ ယာဉ်စီးခတင် မကဘူး သူ ယာဉ်ပေါ်က ဆင်းတော့ ဗိုက်ဆာလို့ ဆိုပြီး အနားက ဆိုင်တစ်ဆိုင်မှာ ခေါက်ဆွဲပြုတ်ဝင်စားလိုက်သေးတယ်။ အဲဒီမှာတင် ငွေဖြတ်သွားတဲ့ ဆိုင်တည်နေရာကို စုံစမ်းပြီး Cai Ying က သူ့နောက်လိုက်လာတာ ဖြစ်လိမ့်မယ်။
သူ့ဖော်ခဲ့တဲ့ လမ်းစတွေကို ပြန်သတိရသွားတော့ XiaoYi က သူ့အစ်ကို ကို ချက်ချင်းပဲ ခွင့်လွှတ်ပေးလိုက်တယ်။ သူ Ge ge ကို အထင်လွဲခဲ့မိတာပဲ။ Ge ge က အိမ်တော်ထိန်းကို ဖုန်းဆက်ခေါ်တာ မဟုတ်ဘူး သူကိုယ်တိုင်က ခေါ်ခဲ့တာ။
"XiaoYi စိတ်ညစ်တိုင်း Ge ge ဆီ လာလည်လို့ရတယ်။ ဒါပေမယ့် အခုတော့ XiaoYi ပြန်မှ ဖြစ်မယ်"
XiaoZhan က XiaoYi နဲ့ မျက်နှာချင်းဆိုင် တန်းတူဖြစ်အောင် ထိုင်ချလိုက်ပြီး ပြောတယ်။
"လူတိုင်းမှာ ကိုယ်နဲ့ သက်ဆိုင်တဲ့နေရာဆိုတာ ရှိတယ် XiaoYi ရဲ့။ ကိုယ်ရှိသင့်တဲ့နေရာပေါ့။ မင်းရဲ့နေရာက Xiao အိမ်တော်ပဲ"
XiaoZhan က ဆက်ပြောတယ်။
"Ge ge တို့ဆီကို လာလည်လို့ရတယ်။ ဒါပေမယ့် အချိန်တန်ရင်တော့ XiaoYi ရဲ့ နေရာဖြစ်တဲ့ Xiao အိမ်တော်ကို ပြန်ရမှာပဲ။ Ge ge ပြောတာ သဘောပေါက်ရဲ့လား"
YOU ARE READING
For You
Fanfiction(Unicode) အချို့လူတွေက ကိုယ်ပိုင်ယုံကြည်ချက်နဲ့ အနာဂတ်မှာ ဘာဖြစ်ချင်လဲ တိတိကျကျ သိကြတယ်။ အချို့ကတော့ လူတစ်ယောက်ကို အခြေခံပြီးမှ ကိုယ့်အိပ်မက်တွေကို သတ်မှတ်ကြတယ်။ Yibo က ဒုတိယ လူအမျိုးအစားပါ။ (Zawgyi) အချို့လူတွေက ကိုယ်ပိုင်ယုံကြည်ချက်နဲ့ အနာဂတ်မှာ...