(Unicode)
"ဒီတစ်ခါ မင်းတာဝန်ယူရမယ့် အလှည့်ရောက်ပြီ, JiangCheng"
XiaoZhan က လက်ထဲက ဝီစကီကို တစ်ချက်မော့သောက်ရင်း သူ့သူငယ်ချင်းကို လှမ်းပြောတယ်။
"ငါ ဒီအတောအတွင်း အလကား နေနေတာ မဟုတ်ဘူး"
ဟုတ်ပါတယ်။ အငယ် ၃ ယောက်ထဲက RuLan က အစကတည်းက သူ့တပည့်။ ခုတော့ ၃ ယောက်လုံးပေါ့။ JiangCheng က သူတို့ကို လက်နက် တည်ဆောက်ပုံတွေနဲ့ mecha တပ်ဆင်ပုံတွေ သင်ပေးရတာ။
"ခေါင်းမာမနေစမ်းပါနဲ့။ ငါ ဘာပြောချင်လဲ မင်းသိပါတယ်။ လိုက်ခဲ့"
JiangCheng က ခေါင်းပဲ ခါတယ်။
"အဲအဘိုးကြီး ငါ့ကို မြင်ရင် သတ်လိမ့်မယ်"
"သတ်တော့လည်း ခံလိုက်ပေါ့။ သူ ဘယ်လောက်ရိုက်နိုင်မှာ မို့လို့လဲ"
အမြဲတမ်း ငြိမ်နေတတ်တဲ့ Ken က ယမကာ နည်းနည်းဝင်သွားတော့ စကားပြောလာတယ်။
သူတို့ဆွေးနွေးနေကြတာ JiangCheng ရဲ့ ဆရာအကြောင်းပါ။ ဆရာဟောင်းလို့ ခေါ်မလားပဲ။ Tain Gu ရဲ့ mecha ဘိုးအေ လို့လည်း သိကြတယ်။ XiaoZhan တို့ ငယ်စဉ်တုန်းက ဆရာကြီးက JiangCheng ကို အင်ဂျင်နီယာပိုင်းမှာ ပါရမီပါတယ်ဆိုပြီး သူ့တပည့်အဖြစ် လက်ခံပြီး သင်ပေးခဲ့တယ်။ သူ့ မြေးမလေးနဲ့လည်း ကြီးလာရင် လက်ထပ်ပေးဖို့ ရည်ရွယ်ခဲ့တယ် ထင်ပါတယ်။ XiaoZhan တို့ XiFei တို့ အပြင်မှာ ပျော်နေတုန်း JiangCheng က mecha ဆောက်လုပ်ရေးတွေ သင်ယူနေရပြီ။ ဒါပေမယ့် လူပျိုပေါက်အရွယ်ရောက်လာတဲ့အခါမှာတော့ JiangCheng က လက်နက်မှ လက်နက် စိတ်ဝင်စားပါတယ်ဆိုပြီး သူ့ဆရာနဲ့ ပြဿနာတက်တော့တာပါပဲ။ ဆရာကြီး Ming Yu က လူသတ်ပစ္စည်းမထုတ်လုပ်သလို သူ့တပည့်ကိုလည်း အဲဒီအရာတွေ မတီထွင်စေချင်ဘူး။ ဒါပေမယ့် JiangCheng ကလည်း mecha ဆောက်လုပ်ရေးအပါအဝင် အင်ဂျင်နီယာပိုင်းက ပျင်းစရာကောင်းပါတယ်ဆိုပြီး ဆက်မလေ့လာချင်ဘူး။ နောက်ဆုံးတော့ သူ့မိဘတွေ မျက်နှာကြောင့် ခြေထောက်နဲ့တော့ ကန်မထုတ်ပေမယ့် သူ့ရှေ့ပေါ်မလာဖို့ ပြောပြီး ဆရာ တပည့်ဆက်ဆံရေး အဆုံးသတ်သွားခဲ့တယ်။ သူ့ မြေးမလေးလား? သူ့တပည့်တစ်ယောက်နဲ့ အိမ်ထောင်ကျသွားပြီ။ အရွဲ့တိုက်ပြီး ပေးစားတယ် ခေါ်မလားပဲ။

KAMU SEDANG MEMBACA
For You
Fiksi Penggemar(Unicode) အချို့လူတွေက ကိုယ်ပိုင်ယုံကြည်ချက်နဲ့ အနာဂတ်မှာ ဘာဖြစ်ချင်လဲ တိတိကျကျ သိကြတယ်။ အချို့ကတော့ လူတစ်ယောက်ကို အခြေခံပြီးမှ ကိုယ့်အိပ်မက်တွေကို သတ်မှတ်ကြတယ်။ Yibo က ဒုတိယ လူအမျိုးအစားပါ။ (Zawgyi) အချို့လူတွေက ကိုယ်ပိုင်ယုံကြည်ချက်နဲ့ အနာဂတ်မှာ...