Chapter 27

10.8K 1.4K 258
                                    

(Unicode)

"Permanent လား Temporary  လား"

ဒါ Yibo အပြင်ထွက်သွားတာနဲ့ XiFei ပထမဆုံး မေးတဲ့ မေးခွန်းပဲ။ ဒါပေမယ့် XiaoZhan ကို ဖြေခွင့်မပေးပဲ သူ့ဘာသာသူပဲ ဆက်ဖြေတယ်။

"Temporary မဟုတ်လား။ ဟုတ်တယ် မဟုတ်လား"

"အခု မင်းကို ဒုက္ခပေးမယ့် လူတွေမရှိတော့ဘူး။ မင်း ထပ်ပြီး မတရားမခံစေရတော့ဘူး။ ငါ အခု မင်းကို ကာကွယ်ပေးဖို့ လုံလောက်တဲ့ အင်အားရှိနေပြီ။ ဒါကြောင့် ငါ့ဆီ လာခဲပါ"

ဘာလို့ XiFei က ဒီလိုတွေ ပြောနေရတာလဲ။ သူနဲ့ ခင်လာတဲ့ နှစ်ပေါင်း ၂၀ ကျော်မှာ XiFei က ဘယ်သူ့ကိုမှ ဒီလိုခခယယ မပြောခဲ့ဖူးဘူး။ ဒါပေမယ့် XiaoZhan ခေါင်းခါလိုက်တယ်။

သူ့ကို JiangCheng ပြောခဲ့ဖူးတာ ရှိတယ်။ လူတွေက relationship တွေသာ တည်ဆောက်နေကြတာ အိမ်ထောင်တွေသာ ပြုနေကြတာ သူတို့ partner အပေါ်မှာ 100% သဘောကျတဲ့လူဆိုတာ အင်မတန်ရှားတယ်တဲ့။ 100% သဘောကျတယ်ဆိုတာထက် Mr/Mrs Right လို့ 100% ခံစားရတာပေါ့။ သူပဲ ဒီတစ်ယောက်ပဲ သူမှ သူပဲ ဆိုတဲ့ သေချာမှု မရှိပဲ သူကကိုယ့်အပေါ် စိတ်ဝင်စားတယ် ထင်တာနဲ့ သူက ကိုယ့်အတွက် အဆင်ပြေမယ်ထင်တာနဲ့ လက်တွဲလိုက်ကြတယ်။ ဒါက ဘာမှ မှားယွင်းမနေပါဘူး။ အားလုံး ဒီလိုပဲ လုပ်နေကြတာပဲ။

Mr.Right လို့ 20% လောက်ခံစားရရင်ပဲ တွဲလို့ရနေပြီ။ လူတိုင်းက XiaoZhan လို သဘောကျသူတွေ များလွန်းလို့ category တောင် ခွဲထားရတဲ့ လူမျိုးမှ မဟုတ်ပဲ။ သာမန်လူတွေမှာရွေးချယ်ခွင့် နည်းနည်းပဲ ရကြတယ်။ သူတို့နား ချဉ်းကပ်လာတဲ့သူတွေထဲကမှ Mr.Right % အများဆုံးလူကိုရွေးရတာ။ တစ်ချို့က အဲလိုလည်း settle for less မလုပ်ချင် သူတို့စိတ်ကျေနပ်တဲ့ partner လည်း ရှာမတွေ့တော့ တစ်ဘဝလုံး တစ်ယောက်တည်းပဲကုန်ဆုံးသွားဖို့ ရွေးကြတယ်။ အချို့ ကံကောင်းလွန်းတဲ့လူတွေကတော့ 100% Mr.Right တွေ ရှာတွေ့တတ်ကြတယ်။ သူတို့ရဲ့ အိမ်ထောင်ရေးက ဘယ်တော့မှ ပျင်းစရာကောင်းမှာ မဟုတ်ဘူး။

JiangCheng ရဲ့စကားအရဆိုရင် သူကလည်း သူ့အတွက် 100% Mrs. Right ကို စောင့်နေတာပါတဲ့။ ဒီတစ်သက် အဲလိုလူရှာမတွေ့ဘူးဆိုရင် 99% နဲ့တော့ လက်ထပ်မှာမဟုတ်ဘူး တစ်သက်လုံး လူပျိုကြီး လုပ်မယ်လို့ ဆိုတယ်။ XiaoZhan လည်း သူ့ admirer တွေကို category မခွဲခင် JiangCheng သင်ပေးထားတဲ့ ပေတံနဲ့ တိုင်းပါတယ်။

For YouWhere stories live. Discover now