(Unicode)
ဒီနှစ် Yibo စတုတ္ထနှစ်။ အတန်းကျော် စာမေးပွဲ အောင်မြင်ခဲ့တာကြောင့် လောလောဆယ် သူ့ထက် ၁ နှစ်ကြီးတဲ့သူတွေနဲ့ အတန်းအတူတက်ရမယ်။ ဒီအတွက်နဲ့ Yibo နာမည် ကြီးလာတာတော့ အမှန်ပဲ။ အင်ပိုင်ယာမှာ အတန်းကျော်တဲ့သူက သူ တစ်ယောက်တည်း မဟုတ်ပေမယ့် LanXi လိုနေရာမျိုးမှာ ဒီလိုလုပ်နိုင်တာကတော့ Yibo တစ်ယောက်တည်းပဲ ရှိလိမ့်မယ်။ ပြောရရင် အိမ်ရှေ့စံတောင် မလုပ်နိုင်ခဲ့ဘူး။ ဆိုတော့ Yibo ဟာ အရမ်းတွေ popular ဖြစ်နေတာပေါ့။ နောက်ပြီး Omega တွေနဲ့ပတ်သက်ပြီး သူတင်ခဲ့တဲ့ proposal ဟာ အတည်ပြုခံရတော့ အဲဒီအတွက်နဲ့ ပိုပြီး အာရုံစိုက်ခံလာရတာလည်း ပါတယ်။ ဒါကြောင့်လည်း သူ စာကြည့်တိုက်မှာ ပုံမှန်နေနေကျအချိန်ထက် ပိုစောပြီး ထွက်လာခဲ့တယ်။ သူစာလေ့လာနေတဲ့ပုံကို ခိုးဝှက်ပြီး ဓာတ်ပုံရိုက်နေကြတာကို တကယ်ပဲ မကြိုက်ဘူး။ ရုတ်တရက် XiaoZhan တုန်းကလည်း အဲလို အနှောက်အယှက်တွေ ခံခဲ့ရမှာပဲဆိုတာ တွေးမိပြီး နည်းနည်းတောင် သနားသွားတယ်။ အဲလူက ချောတော့ ပိုဆိုးမှာပေါ့။
စာကြည့်တိုက်အပြင်ရောက်တော့ အဆောင်မပြန်ပဲ သူဦးတည်လိုက်တဲ့နေရာက အဟောင်းတန်းကို။ အတိအကျပြောရရင်တော့ တရားမဝင်စျေးကွက်ပေါ့။ ဒီလိုပြောလို့ အရမ်းကြီး ဆိုးသွမ်းတဲ့ နေရာတစ်ခုတော့ မဟုတ်ပါဘူး။ ဒီမှာ လူကုန်ကူးမှုတွေလောက်တော့ မရှိဘူး။ ဒါပေမယ့် တရားမဝင်ဆေးဝါးတွေ တရားမဝင် စက်အပိုင်းတွေနဲ့ လိင်အသားပေး ရုပ်ရှင်နဲ့ စာပေတွေ ရနိုင်တယ်။ အင်ပိုင်ယာက အဲဒီလိုဇာတ်လမ်းတွေကို ban ပါတယ်။ interstellar network မှာ ရှာလို့ တွေ့မှာ မဟုတ်ဘူး။ ဒီလိုနေရာကို လူကိုယ်တိုင်လာမှ တွေ့ရမှာ။ network ကနေ အရောင်းအဝယ်လုပ်လို့လည်းရပေမယ့် ဒါက safe မဖြစ်ဘူး။ ကိုယ့် firewall အားနည်းရင် ကွိခနဲမိမှာ။
"ဟာ Si Zhui ဒီမှာ ကြည့်စမ်း မိုက်တယ်"
ရုတ်တရက် လမ်းကြားတစ်ခုထဲကနေ ရင်းနှီးတဲ့ အသံတစ်ခု ကြားလိုက်ရတယ်။ Yibo က လူတွေကို မမှတ်မိတတ်ဘူးဆိုတာ သူ့ဦးနှောက်က အဖက်လုပ်ပြီး မှတ်သားသင့်တယ်လို့ အသိအမှတ်အပြုမခံရတဲ့သူတွေ အတွက်ပါ။ ဒီ ကလေးတွေက XiaoZhan နဲ့ ပတ်သတ်နေတာ ဖြစ်တဲ့အတွက် သူအလိုလိုမှတ်မိတယ်။
![](https://img.wattpad.com/cover/212554593-288-k25064.jpg)
BINABASA MO ANG
For You
Fanfiction(Unicode) အချို့လူတွေက ကိုယ်ပိုင်ယုံကြည်ချက်နဲ့ အနာဂတ်မှာ ဘာဖြစ်ချင်လဲ တိတိကျကျ သိကြတယ်။ အချို့ကတော့ လူတစ်ယောက်ကို အခြေခံပြီးမှ ကိုယ့်အိပ်မက်တွေကို သတ်မှတ်ကြတယ်။ Yibo က ဒုတိယ လူအမျိုးအစားပါ။ (Zawgyi) အချို့လူတွေက ကိုယ်ပိုင်ယုံကြည်ချက်နဲ့ အနာဂတ်မှာ...