(Unicode)
Yibo ပြန်ရောက်တော့ YinQi တို့ တိုက်ခိုက်နေကြတုန်းပဲ။ တစ်ချက်တစ်ချက် XiaoZhan က comment ဝင်ပေးတယ်။ အမှန်တော့ သူတို့အလှည့်မှာ XiaoZhan ထောက်ပြရတာ Yibo တုန်းကထက် ပိုများတယ်။ တစ်နာရီပြည့်တော့ အနိုင်အရှုံး မရှိပဲ section တစ်ခု ပြီးသွားပြန်တယ်။ အတန်းချိန်လည်း ပြည့်ပြီ။ ဒါပေမယ့် အားလုံးက နောက်တစ်တန်းကို သွားမတက်ပဲ mecha တိုက်ခိုက်ရေး လေ့ကျင့်ဖို့သာ ဆန္ဒရှိနေကြဆဲပဲ။
"အားလုံးပဲ ဒီနေ့ အတန်းကတော့ ဒီလောက်ပါပဲ။ လာမယ့် စာသင်ချိန်မှာ ဒီနေ့ တိုက်ခိုက်ခဲ့တဲ့ video ကို ပြန်ကြည့်ပြီး ဒါကို ဘယ်လိုပိုကောင်းအောင် လုပ်ကြမလဲ ဘယ်လိုအမှားတွေကို ရှောင်ရမလဲဆိုတာ ဆွေးနွေးကြတာပေါ့။ အားလုံးပဲ မနက်ဖြန်မှ တွေ့ကြမယ်"
XiaoZhan က သူ့ cabin ထဲက မထွက်ပဲနဲ့ နှုတ်ဆက်တယ်။ ဆရာက နှုတ်ဆက်နေပြီဆိုတော့ ကျောင်းသားတွေမှာ မပြန်ချင်လည်း ပြန်ရတော့တာပေါ့။ အချို့လူတွေကတော့ နောက်တစ်တန်းကို ဆက်သွားကြပြီး အရှိန်မသေသေးတဲ့တစ်ချို့ကတော့ အားနေတဲ့ stimulation room တွေဘက် ဦးတည်လိုက်ကြတယ်။ အားလုံး ထွက်သွားကြပေမယ့် XiaoZhan ရဲ့ cabin ကတော့ ပွင့်မလာသေးဘူး။ အာ Yibo ရှိနေသေးတာကိုး။ cabin ထဲမှာ အပြင်လောကနဲ့ ဆက်သွယ်ဖို့ camera တွေ install လုပ်ထားတာ ရှိတဲ့အတွက် မြင်နေရတယ်။
"General, ကျွန်တော် spray ယူလာခဲ့တယ်"
ဗူးကို Cabin နားမှာ ချထားပေးရင်းနဲ့ Yibo XiaoZhan ကို ရည်ရွယ်ပြီး ပြောလိုက်တယ်။ public channel လည်း ဖွင့်ထားတုန်းပဲမို့ သူပြောတာ XiaoZhan ကြားရမှာပါ။
"ကျေးဇူး Yibo"
ဒီဆက်သွယ်ချက်ပြီးတော့ သူ အခန်းထဲမှာ ဆက်နေစရာအကြောင်းမရှိတော့တာကြောင့် Yibo အပြင်ထွက်လာခဲ့လိုက်တယ်။ သူဆက်ရှိနေရင်လည်း ဟိုတစ်ယောက်က ထွက်လာမှာကို မဟုတ်တော့ဘူး။ အပြင်ရောက်တော့ အပေါက်ဝမှာ ကျောင်းသား ၂ ယောက် မယောင်မလည်လုပ်နေကြတာ တွေ့ရတယ်။ အမှန်တော့ ဒီနေ့ဖြစ်သွားတဲ့ XiaoZhan ရဲ့ အခက်အခဲကို သတိပြုမိတာ Yibo တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ အစပိုင်း သတိမထားမိရင်တောင် နောက်ဆုံး အတန်းပြီးလို့ နှုတ်ဆက်တဲ့အခါမှာတော့ အားလုံးသဘောပေါက်ကြမှာပါ။ ဒါကြောင့် နားလည်မှုနဲ့ ထွက်သွားပေးကြတာ။ ဒါပေမယ့် ဒီလိုမျိုး အခွင့်အရေးဆိုပြီး စောင့်နေတဲ့သူတွေလည်း ရှိတတ်တာကို Yibo မေ့သွားတယ်။
YOU ARE READING
For You
Fanfiction(Unicode) အချို့လူတွေက ကိုယ်ပိုင်ယုံကြည်ချက်နဲ့ အနာဂတ်မှာ ဘာဖြစ်ချင်လဲ တိတိကျကျ သိကြတယ်။ အချို့ကတော့ လူတစ်ယောက်ကို အခြေခံပြီးမှ ကိုယ့်အိပ်မက်တွေကို သတ်မှတ်ကြတယ်။ Yibo က ဒုတိယ လူအမျိုးအစားပါ။ (Zawgyi) အချို့လူတွေက ကိုယ်ပိုင်ယုံကြည်ချက်နဲ့ အနာဂတ်မှာ...