Chapter 13

9.2K 1.1K 69
                                    

(Unicode)

XiaoZhan က ၁၆ နှစ်အရွယ်ကလေးတွေကို Tian Gu ရဲ့ ဆိုးရွားတဲ့ အကြောင်းတွေကို ပြောမပြပါဘူး။ သူတို့တစ်ချိန်ကျရင် သိမှာ ဆိုပေမယ့်လည်း အဲကျမှ သိပါစေတော့။ XiaoZhan က ပထမတစ်ခုကို ငြင်းပြီးတာနဲ့ တတိယ version ကို တစ်ခါတည်း ဆက်သွားပါတယ်။

တတိယ version။ အင်းတတိယ version ကတော့ ပထမတစ်ခုနဲ့ တူတယ်။ ငယ်ငယ်တုန်းက ကြားဖူးတဲ့ ညအိပ်ယာဝင် ပုံပြင်ထဲကလိုပါပဲ။ ဒီဒဏ္ဍာရီက အင်မတန်အိုဟောင်းလွန်းလို့ XiaoZhan နဲ့ ရွယ်တူတွေဆိုရင် ကြားချင်မှတောင် ကြားဖူးကြလိမ့်မယ်။  အလှဘုရင်မတစ်ပါးကြောင့် စစ်ဖြစ်ရတဲ့ အကြောင်းပေါ့။ Troy မြို့တော်ကြီးက Helen ကြောင့် ပျက်စီးရတယ် ဆိုတဲ့ အကြောင်း။ အမှန်တော့ အဲဒီခေတ်အတွက် အရေးကြီးတဲ့ ပင်လယ်ထွက်ပေါက်ကိုလိုချင်လို့ လုကြရင်း စစ်ဖြစ်တာပါ။ အခုခေတ် portal လိုမျိုးပေါ့။ Helen က အကြောင်းပြချက်တစ်ခုပါပဲ။ ခုလည်း ဒီလိုပဲပေါ့။ ဒီကလေးဟာလည်း Gamish Land အတွက် Tian Gu ကို ဝင်ရောက်သိမ်းပိုက်တဲ့အခါမှာ higher moral ground ယူဖို့အတွက် အချက်တစ်ခု၊ သူတို့ လုပ်ရပ်ကို justify ဖြစ်စေတဲ့ အကြောင်းပြချက်တစ်ခု သာသာပါပဲ။ ဒါပေမယ့် ဒီ version မှာ တစ်ဖက်က လိုချင်တာက Tian Gu ရဲ့ ကောင်းကင် မဟုတ်ပါဘူး။ ဒီထက် ပိုအဖိုးတန်တဲ့ အရာပေါ့။

ခုလို interstellar ခေတ်မှာ ဘာက အရေးအကြီးဆုံးလဲမေးမယ်ဆိုရင် အဖြေက energy resource ပါပဲ။ energy မရှိပဲ မင်းရဲ့ spaceship  တွေကို ဘာနဲ့ မောင်းနှင်မလဲ။ Hyperjump တွေ ဘယ်လိုခုန်မလဲ။ နောက် လက်နက်တွေကို ဘာနဲ့ လောင်စာဖြည့်မလဲ။ ဘာပဲ လုပ်လုပ် energy လိုပါတယ်။ နိုင်ငံတစ်နိုင်ငံ ပိုင်ဆိုင်တဲ့ စွမ်းအင်က အကန့်အသတ်နဲ့ ဆိုတော့ colonization တွေက အဲဒီက စဖြစ်လာတာပါပဲ။  ဆိုတော့ XiaoZhan တို့ ခန့်မှန်းတာက Tian Gu မှာ Gamish Land က လိုချင်တဲ့ energy source တစ်ခုရှိကို ရှိရမယ်ဆိုပြီးတော့။ Yibo က Ken နဲ့အတူ အဲဒီဖြစ်နိုင်ချေရှိတဲ့ resource ကို လိုက်ရှာရမှာပါ။ လမ်းစကတော့ ရှိနေပြီ ဆိုပေမယ့် လုပ်စရာတွေ အများကြီး ကျန်ပါသေးတယ်။

"Ge ge, ဘာလို့ ဖခင် (ဧကရာဇ်) ကို မပြောတာလဲ။ သူဆိုရင် အများကြီး ပိုထောက်ပံ့ပေးနိုင်မှာ။ နောက်ပြီး Huan Ji ကို ပြောပေးလို့ သူတို့ဘက်က အကူအညီရရင် ရှာရတာ ပိုမြန်မှာ မဟုတ်လား"

For YouWhere stories live. Discover now