(Unicode)
⚠️Warning ⚠️ (Slight Gore & mention of Paedophilia)
မျက်နှာပေါ်ကို ရေလောင်းချခံလိုက်တဲ့ ခဏမှာ XiaoZhan သတိရလာတယ်။
"Hello XiaoZhan, မတွေ့ရတာ ကြာပြီ"
ဒီတစ်ယောက်ရဲ့ အသံကို ကြားတော့ XiaoZhan ရဲ့ ခန္ဓာကိုယ်က မသိမသာ တုန်တက်သွားတယ်။ တကယ်ပဲ မတွေ့ရတာ ကြာပြီ။ XiaoZhan မွေးဖွားလာပြီးကတည်းက တွေ့ဆုံခဲ့သမျှလူတွေထဲမှာ ဒီတစ်ယောက်က နောက်ထပ် ဘယ်တော့မှ မတွေ့ချင်တော့တဲ့လူပဲ။
အခန်းထဲမှာ နောက်ထပ် လူတစ်ယောက်ရဲ့ အသံ ထွက်ပေါ်လာတယ်။ ဒီအသံကတော့ XiaoZhan ပထမဆုံး ကြားဖူးတာ။
"မင်းသား, ဒီလူက လောလောဆယ် အရေးကြီး စစ်အကျဉ်းသားပါ။ ဒီတစ်ခေါက်တော့ သူ့ကို မထိဖို့ ဧကရာဇ်က ညွှန်ကြားထားပါတယ်"
"ငါ သိတယ်။ မင်းတို့ ကိစ္စမင်းတို့ လုပ်ကြ။ငါက ထိုင်ကြည့်နေရုံပဲ။ အစ်ကိုတော်က ငါ့ကို အခန်းထဲ မဝင်ဖို့တော့ ပြောမထားဘူး မဟုတ်လား"
မင်းသား ဆိုတဲ့ တစ်ယောက်က သူစကားဆုံးတာနဲ့ အခန်းထောင့်က ခုံမှာ သွားထိုင်တယ်။ ဒီတစ်ယောက်က ရွှေရောင်ဆံပင်တွေ ပိုင်ဆိုင်ထားပြီးတော့ မျက်လုံးအောက်နားလေးမှာမှက်နက်လေးတစ်လုံးရှိတယ်။ ဒါက သူ့ရဲ့ ပြီးပြည့်စုံနေတဲ့ ချောမောလှပတဲ့ မျက်နှာကို ဆွဲဆောင်မှုတွေ ပိုတိုးသွားစေသလိုပဲ။ တစ်ဖက်က ကြည့်ရင် တော်ဝင်ဆန်တဲ့ အလှ တစ်ဖက်ကကြည့်ရင် ညှို့ချက်ပြင်းတဲ့ အလှပေါ့။
"မင်းသား ဒီအခန်းထဲမှာ နေဖို့ မသင့်တော်ပါဘူး။ ဒီမှာ အားလုံးက....."
"အားလုံးက Alpha တွေလို့ပြောမလို့လား။ မင်းတို့ ရှေ့က တစ်ယောက်ကရော။ Tian Gu ရဲ့ အိမ်ရှေ့စံမင်းသမီးက Omega ပဲ မဟုတ်လား"
Tu Zhi က ထိုင်ရာက တစ်ဖန်ပြန်ထလာပြီး XiaoZhan ရှိရာကို လျှောက်လာပြန်တယ်။
"XiaoZhan, ဒီတစ်ခါလည်း မင်းကို ဘယ်သူမှ လာမကယ်ပြန်ဘူး ထင်တယ်"
မင်းသားက အခန်းအပြင်ထွက်ဖို့ ခေါင်းမာနေတော့ အခန်းထဲက စစ်ဆေးသူတွေအနေနဲ့ကလည်း သူ့ကို အတင်းပြန်မလွှတ်ရဲကြဘူး။ Tu Zhi က လက်ရှိဧကရာဇ်ရဲ့ ညီအငယ်ဆုံးပါ။ အချစ်ခံရဆုံး အလိုလိုက်ခံရဆုံးပေါ့။ ဧကရာဇ်အနေနဲ့လည်း တစ်ချိန်တုန်းက Tu Zhi ကို မစောင့်ရှောက်နိုင်ခဲ့တဲ့ အတွက် သူ့ညီကို ပြန်တွေ့တဲ့အချိန်မှာ အဲဒီအချိန်တွေအတွက် အလျော်ပေးတဲ့အနေနဲ့ အားလုံးကို သူ့စိတ်ကြိုက်လုပ်ခွင့်ပေးထားခဲ့တာ။

YOU ARE READING
For You
Fanfiction(Unicode) အချို့လူတွေက ကိုယ်ပိုင်ယုံကြည်ချက်နဲ့ အနာဂတ်မှာ ဘာဖြစ်ချင်လဲ တိတိကျကျ သိကြတယ်။ အချို့ကတော့ လူတစ်ယောက်ကို အခြေခံပြီးမှ ကိုယ့်အိပ်မက်တွေကို သတ်မှတ်ကြတယ်။ Yibo က ဒုတိယ လူအမျိုးအစားပါ။ (Zawgyi) အချို့လူတွေက ကိုယ်ပိုင်ယုံကြည်ချက်နဲ့ အနာဂတ်မှာ...