(Unicode)
"မင်းသား, မြို့တော်က ဆက်သွယ်ချက်ဝင်လာပါတယ်"
Captain Wei Qi က မင်းသား ၂ ကို ဖုန်းလွှဲပေးတယ်။
"ခမည်းတော်"
"Ying Lai, အခြေအနေတွေ ဘယ်လိုလဲ"
အခြေအနေ....အာ..လက်ရှိအခြေအနေက တကယ်ပဲ ကျေနပ်စရာမရှိဘူး။
"အဆင်ပြေပါတယ် ခမည်းတော်"
"ဒါဆို တာဝန်တစ်ခု ထပ်ပေးချင်တယ်။ ဒါကို လုပ်နိုင်ရင် အရိုက်အရာအတွက် စဉ်းစားကြည့်ပေးတာပေါ့"
သူ့ဖခင်ရဲ့ စကားကြောင့် Ying Lai ခန္ဓာကိုယ်ကို မတ်ပြီး အာရုံစိုက်နားထောင်မိသွားတယ်။
Gamish Land က သက်ဦးဆံပိုင်ဘုရင်စနစ်နဲ့ အုပ်ချုပ်တာပါ။ စစ်တပ်က တော်ဝင်မိသားစုရဲ့ လက်အောက်မှာ ရှိပြီးတော့ Marshal နေရာကို ဧကရာဇ်ကိုယ်တိုင် တာဝန်ယူတယ်။ လောလောဆယ် ဧကရာဇ်မှာ သားချည်းပဲ ၅ ယောက်ရှိတဲ့အတွက် ဒီ ၅ ယောက်တည်းမှာ ဘယ်သူက ဧကရာဇ်ဖြစ်လာမလဲဆိုတဲ့အပေါ် ယှဉ်ပြိုင်မှုတွေ ရှိလာတာပေါ့။ ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း အကြီးဆုံးကို အိမ်ရှေ့စံပေးတာမဟုတ်ပဲ Gamish Land က မင်းသားတွေ အားလုံး (စိတ်ဝင်စားရင်) အရိုက်အရာအတွက် တန်းတူ အခွင့်အရေးရှိတယ်။ ယှဉ်ပြိုင်မှုကပဲ အကောင်းဆုံး စွမ်းရည်တွေ ထွက်လာနိုင်တာမို့ ဧကရာဇ်ကလည်း ဒီအချက်ကို ရအောင် အသုံးချတာပါ။
"ကျွန်တော် သေချာပေါက်လုပ်ဆောင်နိုင်မှာပါ။ ဘာတာဝန်များလဲ"
"အခု YZ ထုတ်လုပ်ရေးအတွက် mining project ရဲ့ blueprint ကို ရအောင်ယူခဲ့ပါ"
"သားတော် နားလည်ပါပြီ။ တစ်ခုလောက် မေးလို့ရမလား ခမည်းတော်"
တစ်ဖက်က ဧကရာဇ်က သူ့မေးခွန်းကို စောင့်နေတဲ့ သဘောနဲ့ ခဏ ငြိမ်ပေးတယ်။
"Blueprint ကို ဘာအတွက်လဲ။ ဧကန္တ ကျွန်တော်တို့ဆီမှာ....."
"ဒါက မင်းသိဖို့ မလိုဘူး။ နောက်ပြီး Haun Ji လည်း သိဖို့ မလိုဘူး"
"နားလည်ပါပြီ ခမည်းတော်"
အဲဒီအချိန် Europa မှာလည်း အလုပ်ရှုပ်နေကြတယ်။

KAMU SEDANG MEMBACA
For You
Fiksi Penggemar(Unicode) အချို့လူတွေက ကိုယ်ပိုင်ယုံကြည်ချက်နဲ့ အနာဂတ်မှာ ဘာဖြစ်ချင်လဲ တိတိကျကျ သိကြတယ်။ အချို့ကတော့ လူတစ်ယောက်ကို အခြေခံပြီးမှ ကိုယ့်အိပ်မက်တွေကို သတ်မှတ်ကြတယ်။ Yibo က ဒုတိယ လူအမျိုးအစားပါ။ (Zawgyi) အချို့လူတွေက ကိုယ်ပိုင်ယုံကြည်ချက်နဲ့ အနာဂတ်မှာ...