Chapter 16

8.8K 1.1K 65
                                    

🍀Stay Safe🍀

(Unicode)

နောက်နေ့မနက်အတွက် Yibo ရဲ့ alarm က ပေါက်ကွဲသံတစ်ချို့ဖြစ်နေတယ်။ မှန်ကွဲတဲ့အသံတွေရောပဲ။ ဒီ base ရဲ့ အခန်းတော်တော်များများမှာ sound proof နံရံတွေ သုံးထားတာကြောင့် တော်ရုံတန်ရုံဆို မကြားရပါဘူး။ ဒါပေမယ့် အခု ဒီလောက်ကြားရတယ်ဆိုတော့ လက်ရှိဖြစ်နေတဲ့ကိစ္စက အတော်ပြင်းထန်တဲ့ပုံပဲ။ Yibo အိပ်ယာပေါ်က ချက်ချင်းကောက်ထပြီး အခန်းပြင်ကို ပြေးထွက်လာခဲ့တယ်။ သူ ည က တစ်ညလုံး အိပ်လို့မရခဲ့ပဲ မိုးလင်းခါနီးမှ တစ်ချက် အိပ်ပျော်သွားခဲ့တာ။ ဒါကြောင့် လူက မူးနောက်နောက်နဲ့။ ခုလည်း မျက်လုံးဖွင့်ဖွင့်ချင်း မဖိတ်ခေါ်ပဲနဲ့ ညက အိမ်ရှေ့စံရဲ့ စကားတွေက ခေါင်းထဲ ဝင်လာပြန်တယ်။

"မင်းရဲ့ ဝါသနာတွေကို အခြားလူတွေဆီမှာပဲ အသုံးပြုဖို့ ပြောပါရစေ။ XiaoZhan က ကျွန်တော့် အပိုင်မို့ သူ့ကို ကြည့်တာ မကြိုက်ဘူး"

Yibo အောက်ထပ်ကို ရောက်တော့ အရင်ဆုံးမြင်ရတာက မျက်စိမျက်နှာပျက်နေတဲ့ RuLan, နောက်ပြီး ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေတဲ့ junior ၃ ယောက်။ သူ လှေကားထိပ်က ဆင်းဖို့ လုပ်တုန်းမှာပဲ လေ့ကျင့်ခန်းထဲက တစ်စုံတစ်ယောက် အပြင်ကို လွင့်ထွက်လာတာ တွေ့လိုက်ရတယ်။ မျက်နှာက အသေအကြေအထိုးခံထားရတာ။ ဒီ base မှာ အိမ်ရှေ့စံကို ဒီလိုပုံဖြစ်အောင် လုပ်နိုင်တာ တစ်ယောက်ပဲ ရှိလိမ့်မယ်။ ထင်တဲ့အတိုင်းပါပဲ မကြာခင်မှာပဲ နောက်က XiaoZhan ထွက်လိုက်လာပြီး XiFei ကို လေ့ကျင့်ရေးခန်းထဲ ပြန်ဆွဲသွင်းသွားတယ်။

"ဘယ်လိုလုပ်ကြမလဲ ဘယ်လိုလုပ်ကြမလဲ"

"ငါ ဆရာ့ကို ခေါ်ထားတယ်"

ပုံစံကြည့်ရတာ ညက JiangCheng လည်း သူ့အိမ်ပြန်သွားတယ် ထင်တယ်။ လူကြီးတွေ မရှိတော့ ဝင်ဆွဲမယ့်လူမရှိဖြစ်နေတာ။

"ဘာဖြစ်ကြတာလဲ"

Yibo က သူ့ထက် စောစောနိုးနေပုံရတဲ့ အငယ် ၄ ယောက်ကို မေးလိုက်တယ်။

ညက ကိစ္စကို XiaoZhan သိသွားတာလား။ ညက XiaoZhan အတော်မူးနေပုံပဲ။ မှတ်မိမယ့် ပုံမရှိဘူး။ သိသွားရအောင် မနက်အစောကြီး CCTV ထစစ်ကြည့်စရာ အကြောင်းလည်း မရှိဘူး မဟုတ်လား။ နောက်ပြီး မှတ်မိတယ် ဆိုဦးတော့ reaction က ပြင်းထန်လွန်းတယ်။

For YouTahanan ng mga kuwento. Tumuklas ngayon