Chapter 10

9.5K 1.2K 20
                                    

Apologies in advance for my "painful to look at" conspiracies and battle scenes.

(Unicode)

နှစ်ယောက်ရဲ့ အပြေးလေ့ကျင့်ခန်းက တိတ်ဆိတ်လွန်းနေတယ်။ ဒါပေမယ့် မွန်းကြပ်နေတာမျိုးတော့ မဟုတ်ဘူး။ နေရတာ သက်တောင့်သက်သာ ရှိပါတယ်။ ပြေးနေတာ ၅ ပတ်လောက်တော့ ရှိပြီ။ XiaoZhan က မရပ်သေးတော့ Yibo လည်း ဆက်ပြေးနေရတာ။ နောက်ဆုံးတော့ တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကို Yibo  ကပဲ စပြီး ဖြိုခွဲလိုက်တယ်။

"General, ဟို ကိစ္စ Si Zhui ကို ပြောပြီးပြီလား"

XiaoZhan က တစ်ချက် စဉ်းစားဟန် ပြုပြီး သူ့မေးခွန်းကို ပြန်ဖြေတယ်။

"အင်း။ သူ ဒီမှာပဲ နေမယ် လို့ ပြောတယ်"

"ဪ...ကောင်းတာပေါ့"

Yibo နည်းနည်းလေး အံ့ဩသွားပေမယ့် ဒီလိုလည်း ဖြစ်နိုင်တာပါပဲ။ သူ အစိုးရိမ်လွန်နေခဲ့တာ။ မိဘမဲ့တိုင်း မိဘကို မျှော်လင့်နေကြတာမှ မဟုတ်ပဲ။ ငယ်ငယ်တုန်းကတော့ တောင့်တရင် တောင့်တခဲ့ကြလိမ့်မယ်။ သူတို့ မိဘတွေဘက်က ဖြည့်တွေးပေးတတ်ကြလိမ့်မယ်။ သူတို့မှာ မတတ်သာတဲ့ အခြေအနေတစ်ခုခုကြောင့် ကိုယ့်ကို စွန့်ပစ်ခဲ့ကြတာ နေမှာပါဆိုပြီး။ ဒါပေမယ့် အရွယ်ရောက်လာတဲ့ အခါမှာတော့ ဒီလိုအတွေးတွေက တဖြေးဖြေး ပြောင်းကုန်ကြတယ်။ တစ်ချို့က သာမန်လူတွေ မကြုံရတဲ့ အခက်အခဲတွေ တွေ့တိုင်း, ဒီကိစ္စအတွက် အလှောင်ခံရတိုင်း သူတို့ကို ထားခဲ့တဲ့ မိဘတွေကို နာကျည်းကြတယ်။ တစ်ချို့ကတော့ ပြန်တွေ့သည်ဖြစ်စေ မတွေ့သည်ဖြစ်စေ ငါ နဲ့ သူတို့နဲ့ ဘာမှ မဆိုင်တော့ဘူးဆိုပြီး ကိုယ့်ဘက်ကစပြီး family ties ကို ဖြတ်ပစ်လိုက်တာမျိုးလည်း ရှိတယ်။ ဥပမာ Yibo လိုပေါ့။ Si Zhui က ဘယ်အုပ်စုထဲကလည်း မသိပေမယ့် ဒါက Tian Gu အတွက်တော့ ကောင်းတဲ့ ရလဒ်ပါပဲ။

"Si Zhui က အရွယ်နဲ့ မလိုက်အောင် ရင့်ကျက်တဲ့ ကလေးပါ"

XiaoZhan က ထပ်ဖြည့်ပြောတယ်။

"ဟုတ်။ ကျွန်တော် သတိထားမိပါတယ်"

XiaoZhan က ဒီမှာတင် ရပ်မသွားသေးဘူး Yibo ဘက်ကို လှည့်ကြည့်ပြီးတော့ သဘောတကျ ပြုံးလိုက်တယ်။

"မင်းလည်း အရွယ်နဲ့ မလိုက်အောင် ထူးချွန်တဲ့ ကလေးပဲ"

ခုချိန်မှာသာ Yibo ရေသောက်နေခဲ့ရင် သီးမှာ အသေအချာပဲ။ XiaoZhan ကတော့ သူပြောလိုက်တဲ့ စကားက တစ်ဖက်လူကို သက်ရောက်မှု ကြီးကြီးမားမား မရှိတဲ့အတိုင်းပဲ အေးအေးဆေးဆေး ဆက်ပြေးတယ်။ ဒီတစ်ယောက်က အမှန်တကယ်ပဲ ဒုက္ခပေးလွန်းတယ်။

For YouWhere stories live. Discover now