Chapter 32

11.5K 1.4K 167
                                    

(Unicode)

နောက်တစ်ပါတ်ကြာလို့ Eurio မှာ ဆရာအဖြစ် စာရင်းသွင်းတဲ့ နေ့ရောက်တော့ XiaoZhan နဲ့အတူ ပါလာရမယ့် တစ်ယောက်က operation လုပ်နေရတာကြောင့် အတူပါမလာနိုင်ခဲ့ဘူး။ Ken က နောက်ဆုံးမှာ ဒီကုသမှုကို စမ်းသပ်ဖို့ လက်ခံလိုက်တာကြောင့် Wen Qing က ဒီနေ့ Ning An ရဲ့ ဦးခေါင်းထဲကို microchip တစ်ခု ထည့်ပေးရတယ်။ ဒါကြောင့် XiaoZhan စောင့်ကြည့်ရမယ့်လူက မနက်ဖြန်မှ ရောက်လာလိမ့်မယ်။

XiFei နဲ့ နန်းတော်မှာ စကားပြောခဲ့တဲ့နေ့က ဒီမောင်နှမ ၂ ယောက် အကြောင်းကိုပါ ဆွေးနွေးခဲ့ကြတာ။ XiFei က ဒီတစ်ခါတော့ Gamish Land က နည်းကို အတုယူဖို့ ဆုံးဖြတ်လိုက်တဲ့ပုံပဲ။ သူများအိမ်​က လူတော်ကို ကိုယ့်အိမ်က လူတော် ဖြစ်အောင် လုပ်တာပေါ့။ ဒါပေမယ့် ဒီအတိုင်းကြီး လွှတ်ထားဖို့ကလည်း ရန်သူတိုင်းပြည်က ဖြစ်တဲ့အတွက် မယုံရဲသေးဘူး။ Wen Qing နားမှာ လွှတ်ထားတာ XiaoZhan တစ်ယောက်တည်းတော့ ကမှာ မဟုတ်ဘူး ထင်တယ်။

"Hello, ကျွန်တော် XiaoZhan ပါ။ ဒီနေ့စပြီး မင်းတို့ကို Mandarin language သင်ပေးမယ့် ဆရာပဲ။ တွေ့ရတာ ဝမ်းသာပါတယ်"

ကျောင်းသားတွေရဲ့ တုန့်ပြန့်မှုက LanXi မှာလိုပဲ တက်တက်ကြွကြွ ရှိကြတယ်။ ဒီဘက်က စစ်တက္ကသိုလ်မဟုတ်တာကြောင့် ပိုပြီး လွတ်လပ်သလိုပဲ။ ဥပမာ အဲတုန်းက မကြားခဲ့ရတဲ့ အသံတွေ ကြားရတာမျိုးပေါ့။

"ဆရာ Xiao အရမ်းချောတယ်"

မိန်းကလေး တစ်ယောက်ရဲ့ အော်သံအဆုံးမှာ သဘောတကျ ရယ်သံတွေ ထွက်လာတယ်။

"ဆရာ Xiao အသက်ဘယ်လောက်ရှိပြီလဲ"

"ဆရာ Xiao ဘယ်တော့ လက်ထပ်မှာလဲ"

"ဆရာ Xiao  ဘယ်အနံ့အကြိုက်ဆုံးလဲ"

"ဆရာ Xiao....."

ပထမဆုံးနေ့ဖြစ်တာကြောင့် သူတို့ရဲ့ ကြောင်တောင်တောင် မေးခွန်းတွေအားလုံးကို XiaoZhan ကလည်း ဖြေပေးပါတယ်။ အဲထဲမှာ Colonel Yibo နဲ့ ဘယ်လိုစတွေ့ခဲ့သလဲ ဆိုတာတွေတောင် ပါတယ်။ နောက်ဆုံး နှုတ်ဆက်ချိန်ရောက်တော့ သူ့ရဲ့ privacy တော်တော်များများ ကျောင်းသားတွေ သိကုန်တယ်။

ညနေ ရောက်တော့ တစ်ယောက်တည်း ရှိနေမယ့် သူ့အိမ်ကို မပြန်ချင်တာနဲ့ Ken တို့ ဆီကိုပဲ ဦးတည်ခဲ့တယ်။ Ning An ရဲ့ အခြေအနေကို သိချင်တာကြောင့်လည်း ပါတယ်။

For YouWhere stories live. Discover now