Chapter 28

10.5K 1.3K 142
                                    

(Unicode)

ဒီစကားက Yuri ကို ပြောတယ်ဆိုပေမယ့် အမှန်တော့ သူ့ကိုယ်သူ ပြန်ပြောတာလည်း ဖြစ်တယ်။ XiaoZhan ဟာ ငယ်စဉ်ကတည်းက သူ့အိပ်မက်ဆိုတာ ဘာမှန်း မသိခဲ့ရဘူး။ သိဖို့လည်း မလိုအပ်ခဲ့ဘူး​။ မွေးဖွားလာတာနဲ့ မိဘ နှစ်ယောက်က သူ့ဘဝတစ်ခုလုံးအတွက် နှစ်အလိုက် စီမံကိန်း ရေးဆွဲပြီးသား ဖြစ်နေပြီ။ တော်ဝင်မိသားစုနဲ့ ရင်းရင်းနှီးနှီးနေတာ, Mr. Li ရဲ့ သားနဲ့ သူငယ်ချင်းဖြစ်တာ, Jiang အိမ်တော်ရဲ့ ဆက်ခံသူနဲ့ ညီအစ်လို ပေါင်းဖြစ်တာ ဒါတွေ အားလုံးက Mr. Xiao ချပေးထားတဲ့ လမ်းကြောင်းပဲ။ XiaoZhan ဘက်က တမင်ချဉ်းကပ်တာ မဟုတ်ပေမယ့် Mr. Xiao က သူ့သားကို ဒီလိုလူတွေနဲ့ နီးစပ်အောင် အတင်းတွန်းပို့ပေးခဲ့တယ်။ Of course, Mr. Xiao ရဲ့ အစီအစဉ်တွေထဲမှာ LanXi စစ်တက္ကသိုလ်ကို ဝင်ခွင့်ဖြေခဲ့တာ နဲ့ မင်းသမီး Lisa နဲ့ စေ့စပ်ခဲ့တာတွေပါ ပါတာပေါ့။ XiaoZhan အနေနဲ့ လိုက်လုပ်ပေးခဲ့တယ်ဆိုတာလည်း သူ့မိဘတွေကို စိတ်မပျက်စေချင်လို့ပဲ။ သားလိမ္မာလေးလို့ အမြဲတမ်း ချီးကျူးခံနေရတဲ့အခါ တစ်ခါတလေ သူတို့ဆန္ဒကို ဆန့်ကျင်ပြီး ဆိုးလိုက်ရမှာ အားနာမိတယ်။ XiaoZhan ရဲ့ ဘဝဟာ အများအမြင်မှာဆိုရင်တော့ မိဘ ဖောက်ပြီးသားလမ်းကို အသာလေးလျှောက်ရုံပဲပေါ့။ တခြားအမြင်နဲ့ ကြည့်မယ်ဆိုရင်တော့ သူက game character တစ်ယောက်လိုပဲ။ player က manipulate လုပ်ပြီး သူသွားစေချင်တဲ့ route ကိုပဲ ရွေးချယ်တာမျိုး။ သူ့ဘဝကို တစ်ပါးသူက စီမံတာမျိုးပေါ့။

ခုတော့ ဒါတွေ အားလုံး ပြီးသွားပါပြီ။ သူ အခု ဒီလိုတွေပြောနေရတာ Yuri ကို နောက်ထပ် XiaoZhan တစ်ယောက်အဖြစ် မမြင်ချင်လို့ပဲ။

Yuri က ခဏ တန့်သွားတယ်။ အမှန်တော့ ဒီ concept က မထူးဆန်းတဲ့ လူတိုင်းကြားဖူးနေကျ အတွေးအခေါ်တစ်ခုပဲ။ ဒါပေမယ့် ကြားဖူးရုံ သိရုံသိထားတာနဲ့ သေချာသဘောပေါက်နားလည်လက်ခံလိုက်တာနဲ့တော့ မတူဘူး။

"ကျွန်တော် နားလည်ပါပြီ General"

Yuri က အလေးပြုပြီး XiaoZhan ရဲ့ ရုံးခန်းထဲက ထွက်ဖို့ပြင်တယ်။ တံခါးပေါက်ကို လျှောက်လာတဲ့ Yuri ခြေသံကြောင့် တံခါးအပြင်က တစ်စုံတစ်ယောက်ကလည်း ဒီမှာ သူရှိမနေသင့်တဲ့အတွက် ဒီနေရာက အမြန်ထွက်ပြေးသွားရတော့တယ်။

For YouWhere stories live. Discover now