(Unicode)
မနက်ဖြန် လက်ထပ်မယ်ဆိုတဲ့ XiaoZhan ဟာ လက်တွေ့မှာတော့ အဲလိုမလုပ်နိုင်ခဲ့ပဲ ၃ ရက်လုံး သူ့အိပ်ခန်းအပြင်တောင် ခြေမချခဲ့ရပါဘူး။ ၂ နှစ်လောက် ခွဲနေခဲ့ရတဲ့ သူ့ Alpha လေးက ဒီအတောအတွင်းက အကြွေးအတွက် အတိုးရော အရင်းပါ ထည့်တွက်ပြီး အလွမ်းသယ်နေခဲ့တဲ့ အတွက်ပေါ့။ ဒါတောင် XiaoZhan ရဲ့ ကျန်းမာရေးကို ထောက်ပြီး ၃ ရက်နဲ့ အနားပေးလိုက်တာ။ သူ့ ခန္ဓာကိုယ်ရဲ့ စွမ်းဆောင်နိုင်စွမ်းနဲ့ဆိုရင်၂ ပါတ် လောက်ထိ အေးဆေးသွားလို့ရတယ်။
"Wang Yibo, မင်း လူမှ ဟုတ်ရဲ့လား"
"ကျွန်တော်က မဟာလူသားလေ"
Yibo က မာန်ချီတဲ့ အပြုံးနဲ့ ဂုဏ်ယူစွာ ပြန်ဖြေတယ်။
"မင်း ဘာလို့ ဒီနှစ်တွေအတွင်း ပိုပိုပြီး အရှက်မဲ့လာရတာလဲ။ တကယ်ပဲ နည်းနည်းလေးမှ ချစ်ဖို့ မကောင်းတော့ဘူး"
"ချစ်ဖို့ကောင်းတာ ဘာလုပ်ရမှာလဲ။ အဲဒီအစား အခြားနေရာတွေမှာ ပိုပြီး တော်လာရင် ရပြီ မဟုတ်လား"
Yibo က သေချာ မပြောပေမယ့် သူ့ရဲ့ ညစ်ပတ်တဲ့ အပြုံးကြောင့် ဒါက ဘာကို ဆိုလိုချင်လဲ XiaoZhan သဘောပေါက်လိုက်တယ်။
သူ အဲတစ်ယောက်ကို ကုတင်ပေါ်က ကန်ချချင်လိုက်တာ။ ခြေထောက် မမြှောက်နိုင်လို့သာ။
ဒါပေမယ့် XiaoZhan ရဲ့ အကြည့်က Yibo ရဲ့ ဘယ်ဘက် နားတစ်ဖက်ကို ရောက်သွားတဲ့အချိန်မှာတော့ ဒီစိတ်ကူးက ပျောက်သွားရတယ်။ အသားကို လေဆာနဲ့ လောင်ကျွမ်းစေတာ ပုံမှန်နည်းလမ်းတွေထက် ပိုနာပါတယ်။ ဒါတောင် Yibo က သူနဲ့ ဆင်တူ X ပုံသဏ္ဍာန်ကို နားတစ်ဖက်မှာ ရေးဆွဲခဲ့တယ်။ မင်း ရူးနေတာလား လို့ မေးချင်ပေမယ့်လည်း မမေးရက်ဘူး။
"နောက် ဒီလိုတွေ လိုက်မလုပ်နဲ့နော်"
XiaoZhan က Yibo ရဲ့ နားကို ခပ်ဖွဖွ ပွတ်သပ်ရင်း ပြောတယ်။
"မတော်တဆ ကျွန်တော် လက်တစ်ဖက်ပြတ်သွားရင် Yibo ပါ အကောင်းအတိုင်းရှိနေတဲ့ လက်ကို ဖြတ်ပစ်မှာလား။ ဒါ ရူးကြောင်တာပဲ။ နောက် မလုပ်နဲ့နော်"
Yibo က XiaoZhan ရဲ့ လက်ကို သူ့ရဲ့ ကြီးမားတဲ့ လက်ဖဝါးနဲ့ ပြန်အုပ်တယ်။
YOU ARE READING
For You
Fanfiction(Unicode) အချို့လူတွေက ကိုယ်ပိုင်ယုံကြည်ချက်နဲ့ အနာဂတ်မှာ ဘာဖြစ်ချင်လဲ တိတိကျကျ သိကြတယ်။ အချို့ကတော့ လူတစ်ယောက်ကို အခြေခံပြီးမှ ကိုယ့်အိပ်မက်တွေကို သတ်မှတ်ကြတယ်။ Yibo က ဒုတိယ လူအမျိုးအစားပါ။ (Zawgyi) အချို့လူတွေက ကိုယ်ပိုင်ယုံကြည်ချက်နဲ့ အနာဂတ်မှာ...