(Unicode)
Tian Gu မှာ ပြဿနာက တစ်နေ့တစ်မျိုး မရိုးရအောင် တက်တယ်။ ပြောရရင်တော့ တစ်လောကလုံးမှာ ပြဿနာတွေ ရှိမှာပါ။ Yibo က Tian Gu ကမို့ အဲဒီက ကိစ္စကိုပဲ သိတာ။ ရှေ့တန်းမှာ mecha တစ်စီးနဲ့ နိုင်ငံကို ကာကွယ်ချင်တဲ့ Yibo ဟာ ဆန္ဒပြည့်တယ် ခေါ်မလားပဲ စစ်တပ်ထဲဝင်တဲ့ ပထမဆုံးလမှာပဲ ရှေ့တန်းထွက်ရတော့မယ်။
ဒါတွေမပြောခင် လွန်ခဲ့တဲ့တစ်လ ကို ပြန်သွားကြည့်ရအောင်။
Yibo တာဝန်စထမ်းပြီး ၂ ပတ်အကြာမှာ XiaoZhan တို့ ပြန်ရောက်လာခဲ့ကြတယ်။ ဘယ်လိုစည်းရုံးခဲ့တယ်မသိပေမယ့် ဆရာကြီး Ming Yu ပါ လိုက်လာခဲ့ပါတယ်။ ဒီနေရာမှာ Yibo မပါနိုင်ပေမယ့် ဆရာကြီးနဲ့ JiangCheng က ရောက်ရောက်ချင်းပဲ အငယ် ၂ ယောက်ကိုဦးဆောင်ပြီး YZ ကို ထုတ်လုပ်ဖို့ စက်ယန္တယားတွေ တည်ဆောက်ရတော့တယ်။ လူ ၄ ယောက်တည်းနဲ့ minning machine တွေ ထုတ်လုပ်ဖို့ တပ်ဆင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပဲ။ ဒါကြောင့် ဒီလိုအခြေအနေမှာ တိတ်တဆိတ်လုပ်ဖို့ မဖြစ်နိုင်တော့ XiaoZhan အပါအဝင် လူကြီးပိုင်းက YZ အကြောင်း လူထုကို ဖွင့်ချပြဖို့ ဆုံးဖြတ်လိုက်ပြီး နောက်ထပ် လုပ်အားတွေ ခေါ်ယူတယ်။ ကိုယ့်နိုင်ငံက ဒီလို energy တစ်ခုထွက်တာ ဝမ်းသာစရာကိစ္စပဲ မဟုတ်လား။ နောက်ပြီး ဒါက တစ်သက်လုံးဖုံးကွယ်ထားသင့်တဲ့ အရာမှ မဟုတ်ပဲ။ Tian Gu တစ်ခုတည်း YZ ကို သုံးဖို့ မဖြစ်နိုင်တော့ စျေးကွက်ရှာဖို့ဆိုရင် ကိုယ့်မှာ ထုတ်ကုန်ရှိကြောင်း အခြားနိုင်ငံတွေကိုလည်းအရင်ကြော်ငြာနိုင်မှ ဖြစ်မယ်။ ဒါပေမယ့် ဒီလို ကြော်ငြာဖို့ဆိုရင် ကိုယ့်ထုတ်ကုန်ကို အလုမခံရအောင် ကာကွယ်နိုင်ဖို့ အင်အားလည်း ရှိမှဖြစ်မယ်။
ဒီ research group အကြောင်း public ကိုပြောပြတဲ့အခါမှာ Yibo ဟာလည်း major contributor တစ်ယောက်အနေနဲ့ မဖြစ်မနေ လူရှေ့ရောက်လာရတော့တယ်။
"Yibo တဲ့။ ငယ်ငယ်လေးပဲ ရှိသေးတယ် ထူးချွန်လိုက်တာ"
"ဒီနှစ်မှ ဘွဲ့ရတာတဲ့။ LanXi က ထွက်တာနော် ပေါ့သေးသေးတော့ မထင်စေချင်ဘူး"
"LanXi က ထွက်တာလား။ ဒါဆို ငွေဇွန်းကိုက်ပြီး မွေးလာတဲ့ သခင်လေးပဲ နေမှာ။ ဒီလိုဦးစားပေးခံရတဲ့လူတွေက ဒီလိုတွေ စွမ်းဆောင်ပြနိုင်တာ အံ့ဩစရာ မဟုတ်ဘူး"
![](https://img.wattpad.com/cover/212554593-288-k25064.jpg)
YOU ARE READING
For You
Fanfiction(Unicode) အချို့လူတွေက ကိုယ်ပိုင်ယုံကြည်ချက်နဲ့ အနာဂတ်မှာ ဘာဖြစ်ချင်လဲ တိတိကျကျ သိကြတယ်။ အချို့ကတော့ လူတစ်ယောက်ကို အခြေခံပြီးမှ ကိုယ့်အိပ်မက်တွေကို သတ်မှတ်ကြတယ်။ Yibo က ဒုတိယ လူအမျိုးအစားပါ။ (Zawgyi) အချို့လူတွေက ကိုယ်ပိုင်ယုံကြည်ချက်နဲ့ အနာဂတ်မှာ...