Chapter 29

11.4K 1.4K 169
                                    

(Unicode)

"ငါ Alan နဲ့ တွေ့ချင်တယ်"

မြို့တော်ကို ပြန်ရောက်ရောက်ချင်း XiaoZhan လုပ်တာကတော့ Marshal ဆီ တန်းသွားတာပါပဲ။ သူ ဒီစစ်တပ်ကို စိတ်ဖြောင့်လက်ဖြောင့် ကျောခိုင်းနိုင်ဖို့ Alan နဲ့ စကားပြောဖို့ လိုတယ်လို့ ထင်တယ်။

"သူနဲ့ တွေ့လို့လည်း ဘာမှ ကောင်းလာစရာမှ မရှိပဲ။ မင်းပိုပြီး စိတ်ညစ်ရလိမ့်မယ်"

"ကိစ္စမရှိဘူး။ သူ ဒီလိုတွေ လုပ်ရတာ အကြောင်းရင်း ရှိမှာပေါ့။ ငါက အဲဒါကို နားထောင်ချင်ရုံပါ"

Alan ရဲ့ သတင်းက network မှာ ပြန့်နေပေမယ့် XiaoZhan ကို Si Zhui တို့ ၂ ယောက် လာပြောပြပေးခဲ့ပေမယ့် ဒါက စီစစ်ထားတဲ့ information သာဖြစ်တယ်။ လူတိုင်းက Chu Lan အကြောင်းဆိုရင် တပ်ထဲ ခိုးဝင်ခဲ့ပြီး အပြစ်ဒဏ်မခံယူခဲ့တဲ့ Alan ရဲ့ မြေးအဖြစ်ပဲ သိကြတယ်။ ဒီထက် မပိုဘူး။ XiaoZhan လည်း အတူတူပဲ။

"ဒါဆို ငါပြောပြမယ်။ မင်းသူ့ကို သွားမတွေ့နဲ့ ဟုတ်ပြီလား"

XiaoZhan မျက်မှောင်တစ်ချက်ကြုတ်သွားတယ်။

"ဘာလို့ ငါ့ကို သူနဲ့ မတွေ့စေချင်ရတာလဲ"

သူ့စကားအတွက် XiFei မှာ အဖြေမရှိဘူး။ Alan က သူ့မြေးသေဆုံးတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး XiFei ကို လုံးဝအပြစ်တင်နေတာ။ ဒီအချိန်မှာ XiFei ကို စိတ်ဆင်းရဲအောင်လုပ်ဖို့ ရတဲ့အခွင့်အရေးကိုသုံးပြီး လုပ်မှာပဲ။ XiaoZhan ကို လက်လွှတ်ဖို့ ဆုံးဖြတ်ထားပြီးပြီဆိုပေမယ့်လည်း သူမသိစေတဲ့ ကိစ္စတစ်ခုကိုတော့ အဆုံးထိ ဖုံးကွယ်ထားလိုက်ချင်တယ်။

XiFei ရဲ့ တိတ်တိတ်နေခြင်းက XiaoZhan ကို ပိုပြီး အတွေးများစေတယ်။

"မင်း အာဏာသိမ်းချင်လို့ တမင်ချောက်ချလိုက်တာလား"

"အဲလို မဟုတ်ဘူး"

XiaoZhan စကားကို အလျင်အမြန်ငြင်းရင်း XiFei ခိုးပြီး သက်ပြင်းချမိတယ်။ တော်သေးတယ် XiaoZhan တွေးတဲ့ direction က အခြားတစ်ခုမို့လို့။

"ဒီကိစ္စက မင်းထင်သလို မဟုတ်ဘူး။ ဒါပေမယ့် ငါ မင်းကို တောင်းပန်စရာရှိတယ်"

"တကယ်တော့.....မင်းခံစားခဲ့ရတာတွေက ငါ့ကြောင့်ပဲ။ ဘာကြောင့်လဲ ဆက်မမေးပါနဲ့။ ဒီအတိုင်းလေးပဲ သိထား။ ဟုတ်ပြီလား"

For YouWhere stories live. Discover now