Chapter 20

9K 1.2K 96
                                    

(Unicode)

Romance အတွက်က သည်းခံကြပါဦး

85 ရဲ့ အမြန်နှုန်းက မြင့်ပေမယ့် နောက်ထပ် ကင်းထောက်ယာဉ် ၂ စီးကို ဆွဲခေါ်ရတဲ့အခါ သွားနှုန်းက အနည်းနဲ့အများတော့ နှေးသွားတယ်။ ဒါ့အပြင် သူ့နောက်က လိုက်လာတာက Fleet တစ်ခုလုံးဆိုတော့ သူတို့ရဲ့ အမြန်နှုန်းက mecha တစ်စီးထက်တော့ သာတာ အမှန်ပဲ။ ကံကောင်းစွာနဲ့ Heaven ဘက်က battleship တွေက သူ့ကို ကာပစ်ပေးနေတာကြောင့် တစ်ဖက်က လက်နက်တွေကို ကွေ့ပတ်ရှောင်နေစရာမလိုတော့ပဲ Base ရှိရာကို တန်းတန်းပဲ ပြန်ဝင်လာနိုင်ခဲ့တယ်။

XiaoZhan လည်း ခုမှ သက်ပြင်းချနိုင်တော့တာပေါ့။

"ဟုတ်ပြီ သူတို့ဘက်က shield တင်မထားဘူး မဟုတ်လား။ ဘယ်လိုတောင် အတင့်ရဲရတာလဲ။ ထိပ်ဆုံးက ပင်မယာဉ်ကို ဦးတည်ပြီး SE ကို ဖွင့်လိုက်တော့"

"General, Marshal နဲ့ အဆက်အသွယ်ရပါပြီ"

Yuri ဆီက ဆက်သွယ်ရေးကိရိယာကို လှမ်းယူလိုက်တယ်။

"Marshal, ရန်သူဘက်က စလှုပ်ရှားပြီ။ ဒီကိုသန့်စင်ပြီးသား YZ တွေ ပို့ပေးလို့ရမလား။ ၁၀ တန်လောက် လိုချင်တယ်။ လောလောဆယ် defence အတွက် လက်နက်ကြီးတွေ သုံးမှ ဖြစ်မယ်။ ဟုတ်........ သူတို့ဘက်က Fleet မှာ...."

Yuri က ကင်းထောက်အဖွဲ့က ပြန်ပါလာတဲ့ ကိန်းဂဏန်းကို သူ့ရှေ့မှာ လာပြတယ်။

"Class 7 က ၁၂ စင်း...."

အများကြီးပါ့လား!

"Class 6 က ၄၀, Class 5 က ....... ကျွန်တော် data တွေ လွှဲပေးလိုက်မယ်။ လောလောဆယ် YZ သာ ပို့ပေးလိုက်ပါ"

ခုချိန်က ရှိသမျှ Class တွေနဲ့ သူတို့ရဲ့ အရေအတွက်တွေကို ထိုင်ပြီး report တင်နေရမယ့် အချိန် မဟုတ်ဘူး။

"ကောင်းပြီ။ အမြန်ဆုံး ပို့ပေးမှာမို့ အဲဘက်က တောင့်ခံထားပါ။ ၄၈ နာရီ အတွင်း ရောက်မယ်"

၄၈ နာရီ.....

ဟိုဘက်က အင်အားကြီးတယ်ဆိုပေမယ့် ဒီဘက်ကလည်း နိုင်ငံရဲ့ စုစုပေါင်းတပ်ရဲ့ သုံးပုံတစ်ပုံတောင် ရှိတာပဲ မဟုတ်လား။ XiaoZhan လည်း ဒီမှာ ရှိနေတာဆိုတော့ တောင့်ခံနိုင်မှာပါ။ နောက်ပြီး တစ်ခုကောင်းတာက ဒီတစ်ခေါက် တိုက်ပွဲမှာ လက်နက်ကြီးတွေကို စိတ်ကြိုက်သုံးလို့ရတာပဲ။ အရင်တုန်းကလို တစ်ချက်ပစ်ပြီး နောက်တစ်ချက်ပစ်ဖို့ ၁၅ ခေါက်လောက် ချီတုံချတုံနဲ့ စဉ်းစားနေရတဲ့ အခြေအနေမျိူး မဟုတ်တော့ဘူး။ အနည်းဆုံးတော့ နောက် ၄၈ နာရီကြာရင် အဲလို စဉ်းစားစရာမလိုတော့ဘူးပေါ့။

For YouWhere stories live. Discover now