Chapter 33

18.4K 1.5K 356
                                    

(Unicode)

တောင်းပန်ပါတယ် Deadline ကျော်သွားတယ်။ (တောင်းပန်ရတာလည်း ရှက်လာပြီ။) ရေးရင်းနဲ့ ရပ်လို့ မရတော့လို့ပါ။

XiaoZhan က ဘာလို့ ဒီစကားကို ပြောရတာလဲ။

ဒါက အဲလောက် အရေးကြီးတဲ့ ကိစ္စလို့ ထင်နေတာလား။

သူ့ရဲ့ ခံစားချက်တွေက ဒီလောက်တောင် မလေးနက်ဘူးလို့ ထင်နေတာလား။ တကယ်ပဲ သူ့ကို ဘယ်လိုလုပ်ဖို့ မျှော်လင့်နေတာလဲ။

"ကျွန်တော် ထွက်သွားမယ်ဆိုရင်ရော Ge က ဆွဲထားဖို့ စိတ်ကူးရှိရဲ့လား"

Yibo က ခပ်ယဲ့ယဲ့ ပြုံးပြီး မေးတယ်။

သူ အပိုတွေလုပ်မိပြန်ပြီ။ အစကတည်းက မင်းထွက်မသွားချင်ဘူးလားလို့ မေးနေတာ သူ့ကို အနားက နှင်ထုတ်ဖို့ပဲ မဟုတ်လား။

XiaoZhan က သူ့ကို ချက်ချင်းအဖြေပြန်မပေးနိုင်ဘူး။ XiaoZhan ရဲ့ တွေဝေနေမှုက Yibo ကို တကယ်ပဲ ဝမ်းနည်းစေတယ်။

"ကျွန်တော့်မှာ မင်းအတွက် ဖြည့်ဆည်းမပေးနိုင်တာတွေ အများကြီးပဲ, Yibo. မင်းနေမယ်ဆိုရင် ဝမ်းသာမှာ ဆိုပေမယ့် အခြားတစ်ခုကို ရွေးချယ်မယ်ဆိုရင်လည်း တားမှာ မဟုတ်ဘူး"

XiaoZhan ပြန်ပေးလိုက်တဲ့ အဖြေကြောင့် Yibo ရဲ့ အားတင်းပြီး ထိန်းထားရတဲ့ အပြုံးက ချက်ချင်းပဲ ပြိုလဲသွားရတယ်။

ခင်ဗျား ဘယ်လိုတောင် ပြောရက်ရတာလဲ XiaoZhan ရယ်.....။

"ကျွန်တော် ဒီလို စကားကြားရဖို့အတွက် ပြန်လာခဲ့ရတာလား, Ge. ကျွန်တော့်ဘက်က နည်းနည်း ဝင်စဉ်းစားကြည့်ပေးလို့ မရဘူးလား။ ကျွန်တော် ဒီရက်ပိုင်းအတွင်း ကိုယ့်ကိုယ်ကို နည်းနည်းလေးမှ မညှာပဲ ဆက်တိုက် တိုက်ပွဲထွက်နေခဲ့တာ။ ဒါတွေအားလုံးက ခင်ဗျားအတွက်ပဲ XiaoZhan. ခင်ဗျားလို လူနဲ့ ထိုက်တန်လာအောင်ဆိုပြီး အသေအကြေ ကြိုးစားခဲ့တာ။ ကျွန်တော့်ဘက်က အားနည်းချက်တွေ များလွန်းလို့ စွန့်ပစ်ခံရမှာ အရမ်းကြောက်ခဲ့မိတယ်။ ဒါပေမယ့် အခု ခင်ဗျားက ကျွန်တော့်ကို စွန့်ပစ်ဖို့ လုပ်နေတာပဲ"

"အဲလိုမဟုတ်ဘူး Yibo, အဲလိုမဟုတ်ဘူး။ကျွန်တော်က မင်းရှေ့ရေးမှာ ပိတ်ထားတဲ့ သူ မဖြစ်ချင်ခဲ့တာပါ"

For YouWhere stories live. Discover now