(Unicode)
XiaoZhan ရဲ့ စနောက်တဲ့ စကားကြောင့် Yibo နည်းနည်းတော့ ကြောင်သွားပေမယ့် မကြာခင်မှာပဲ သူ့အာရုံတွေကို ပြန်စုစည်းနိုင်ခဲ့ပါတယ်။
"General, Mr. Xiao က general နဲ့ စကားပြောချင်နေတယ်"
အမှန်တော့ XiaoZhan က သူ့ light brain ကို စစ်နေတဲ့ အချိန်မှာ Yibo လည်း စစ်နေခဲ့တာပါ။ XiaoZhan က သူနဲ့အတူရှိနေတာမို့ စိတ်မပူဖို့ ကျန်ခဲ့တဲ့လူတွေကို ပြောမယ်လို့စိတ်ကူးပြီးတော့ပေါ့။ ဒါပေမယ့် သူ့ဆီကို ဘယ်တုန်းကမှ ဝင်မယ်လို့ အိပ်မက်တောင် မမက်ဖူးတဲ့ ph call ဝင်လာခဲ့တယ်။ ဟုတ်တယ် Xiao အိမ်တော်ကပါ။
မနက်က ဘယ်သူနဲ့မှ မတိုင်ပင်ပဲ တစ်ကိုယ်တော် ကြေငြာချက် ထထုတ်တဲ့ အိမ်ရှေ့စံကြောင့် လောလောဆယ် နန်းတော်မှာ ပြဿနာ အကြီးအကျယ် တက်နေတယ်။ ဧကရာဇ်က XiaoZhan ကိုဆက်သွယ်ဖို့ သူ့အဖေကို တာဝန်ပေးပေမယ့် XiaoZhan က မကိုင်ဘူး။ ဒါကြောင့် Mr. Xiao ဟာ သူ့သားနဲ့ အတူရှိနေပုံရတဲ့ Wang နာမည်နဲ့ ကလေးကို ဆက်သွယ်ရတယ်။ ဧကရာဇ် အနေနဲ့လည်း ခုချိန်မှာ သူ့သား XiFei ကို ဖယ်ထားပြီး XiaoZhan နဲ့ ၂ ယောက်တည်း အတည်ပြုစရာကိစ္စတစ်ချို့ ရှိတာကြောင့် Mr. Xiao ကို အလောတကြီး အပူတိုက်နေတာ။ ဒါက Doctor Xin က XiaoZhan ရဲ့ ဆေးမှတ်တမ်းကို လွှဲပေးဖို့ ငြင်းဆန်တာကြောင့်လည်း ပါတယ်။
Mr. Xiao ဆိုတဲ့ Yibo ရဲ့ စကားကို ကြားတော့ XiaoZhan မျက်မှောင်ကြုတ်မိသွားတယ်။ ညကပဲ သူနဲ့ XiaoZhan နဲ့ ဘာမှ မဆိုင်တော့ပါဘူးဆို။
အမှန်တော့ မနေ့ညက Yibo နဲ့ အငယ်တစ်သိုက် 85 နားမှာ ဝန်းရံနေကြတုန်း XiaoZhan ဆီကို သူ့အိမ်က ဖုန်းဝင်လာတယ်။ သတင်း ၂ ခု သယ်ရင်းနဲ့ပေါ့။ ပထမတစ်ခုက XiaoZhan မှာ Alpha ညီလေး ရပြီဆိုတဲ့ သတင်း။ တကယ်တော့ XiaoZhan တစ်ယောက် Omega အဖြစ်နဲ့ Tian Gu ကို ပြန်ရောက်လာကတည်းက Xiao ဇနီးမောင်နှံ နှစ်ယောက်က နောက်ထပ် Alpha ရင်သွေးတစ်ယောက်ယူဖို့ ဆုံးဖြတ်လိုက်ကြပြီးပြီ။ အိမ်တော်ကို ဆက်ခံဖို့ Alpha male တစ်ယောက် လိုအပ်တယ် မဟုတ်လား။ အစက XiaoZhan ကို ရည်ရွယ်ထားခဲ့ပေမယ့် ခုတော့ XiaoZhan ကို သုံးလို့ မရတော့ဘူးဆိုတော့....။ အသက်အရွယ်ကြောင့် မနည်းကြိုးစားလိုက်ရပေမယ့် နောက်ဆုံးတော့ လိုချင်တဲ့ Alpha male ရလာခဲ့ပါတယ်။
![](https://img.wattpad.com/cover/212554593-288-k25064.jpg)
ŞİMDİ OKUDUĞUN
For You
Hayran Kurgu(Unicode) အချို့လူတွေက ကိုယ်ပိုင်ယုံကြည်ချက်နဲ့ အနာဂတ်မှာ ဘာဖြစ်ချင်လဲ တိတိကျကျ သိကြတယ်။ အချို့ကတော့ လူတစ်ယောက်ကို အခြေခံပြီးမှ ကိုယ့်အိပ်မက်တွေကို သတ်မှတ်ကြတယ်။ Yibo က ဒုတိယ လူအမျိုးအစားပါ။ (Zawgyi) အချို့လူတွေက ကိုယ်ပိုင်ယုံကြည်ချက်နဲ့ အနာဂတ်မှာ...