Chapter 8

9.9K 1.3K 38
                                    

(Unicode)

Yibo ဒီနေ့မနက် ၄ နာရီလောက်ကြီး ထပြီး ပြေးတယ်။ အဟုတ်ကို ၄ နာရီပါ။ တကယ်တော့ သူ တစ်ညလုံးအိပ်လို့မရခဲ့တာ။ မနက် ၂ နာရီလောက်မှာ အိမ်စာပြီးလို့ အိပ်ပါတော့မယ်ဆိုမှ ဝင်လာတဲ့ mail တစ်ခုကြောင့်ပေါ့။

ဟုတ်တယ် XiaoZhan ဆီကပါ။

"မနက်ဖြန် နေ့လည်စာ စားပြီးရင် ကျွန်တော့်ရုံးခန်းကို လာခဲ့ပေးနိုင်မလား"

Mail က တိုတိုလေးပဲ။ ဘာ information မှ ပေးမသွားဘူး။ ဒါက Yibo ကို စိတ်ရှုပ်စေတာပဲ။ ဆိုတော့ XiaoZhan က ဘာလို့ သူ့ကို တွေ့ချင်ရလဲဆိုတာကို ထိုင်စဉ်းစားရင်းနဲ့ မိုးလင်းခဲ့တယ်ပေါ့။

နေ့လယ်စာ စားပြီးတော့ သူစိတ်လှုပ်ရှားနေတုန်းပဲ။ LanXi က scholarship အတွက် အင်တာဗျူးဖြေခါနီးတုန်းကလိုပဲ။ တကယ်ဆို အခြေအနေက တစ်ခြားစီပါ။ XiaoZhan နဲ့ မတွေ့ဖူးတာနဲ့ မဟုတ်ပဲနဲ့။ စကားတွေလည်း ပြောဖူးတယ် မဟုတ်လား။ သူ့အခက်တွေ့တဲ့အချိန်တွေမှာလည်း ကူညီပေးခဲ့ဖူးပြီးပြီ။ ဒါက ဒီလောက် စိတ်လှုပ်ရှားရတော့မယ့် ကိစ္စ မဟုတ်တော့ဘူး။ သူကိုယ်နိုက်က အကျယ်ချဲ့နေတာ နေမှာ။

"Knock"..... "Knock"

"ဝင်ခဲ့ပါ"

တံခါးဖွင့်လိုက်တော့ အခန်းထဲမှာ ဖြန်းထားတဲ့ ပန်းသီးစိမ်းနံ့လေးက ချက်ချင်းပဲ Yibo ရဲ့ နှာခေါင်းဝကို ရောက်လာတယ်။ ဒီလူက ရှိသမျှအသီးတိုင်းရဲ့ အနံ့ကို အပိုင်စီးထားတာပဲ။ XiaoZhan က ဖတ်လက်စစာအုပ်ကို ချလိုက်ပြီး Yibo ကို ထိုင်ဖို့ အချက်ပြတယ်။ ဟုတ်တယ် စက္ကူပေါ်မှာ စာရိုက်ထားတဲ့ စာအုပ်။ ဒါ XiaoZhan ရဲ့ ရုံးခန်းထဲကို ပထမဆုံး အကြိမ်ဝင်ခွင့်ရတာ။ အခန်းအပြင်အဆင်က အင်မတန်ရိုးရှင်းတယ်။ ဒါပေမယ့် အထီးကျန်ဆန်လောက်တဲ့ထိတော့ မဟုတ်ဘူး။ XiaoZhan ရဲ့ aesthetic ကို Yibo အမှတ်ပေးရမယ်ဆိုရင်တော့ ၉၂ ပေါ့။ အခန်းက ပိုင်ရှင်နဲ့ လိုက်တယ် လို့ ခံစားရတယ်။ စားပွဲပေါ်ကို တစ်ချက် ဝေ့ကြည့်လိုက်တော့ ကံကောင်းစွာနဲ့ချစ်ရသူတွေနဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံမျိုး တင်ထားတာ မတွေ့ရဘူး။

"Yibo ကို ပြောစရာလေး တစ်ခုရှိလို့ ခေါ်လိုက်တာပါ"

XiaoZhan က သူ့ကို စကားပြောတဲ့အခါမှာ ကျောင်းသားဆိုတဲ့ သူစိမ်းဆန်တဲ့ အသုံးအနှုန်းကို ရပ်ပစ်လိုက်တာ နည်းနည်းကြာပြီ။

For YouDonde viven las historias. Descúbrelo ahora