(Unicode)
Gamish Land ကလည်း ဒီကိစ္စကို ထွေထွေထူးထူးငြင်းခုန်ပြီး အတင်းတွေ သက်သေပြမနေပါဘူး။ Tian Gu ကို တစ်ခါတည်း လာဝိုင်းပါတယ်။ ဒီအချိန်မှာ ကျောင်းပြီးတာ တစ်နှစ်ပဲ ရှိသေးတဲ့ XiaoZhan တို့လည်း တစ်ခါတည်း စစ်မြေပြင်ထဲ ဝင်ရတော့တာပေါ့။ လွန်ခဲ့တဲ့ တစ်နှစ်အတွင်း သူတို့ရဲ့ performance တွေ ကောင်းလွန်းတာကြောင့် XiaoZhan ရော XiFei ရော ၂ ယောက်လုံး rank တွေ တဖြေးဖြေးမြင့်လာခဲ့တာ။ ကျောင်းမှာကတည်းက နာမည်ကြီးခဲ့တဲ့ ၂ ယောက်က ဒီစစ်ပွဲမှာ ပိုပြီး လူသိများလာခဲ့တယ်။ XiaoZhan က သူ့ရဲ့ အနီရောင် mecha, Flame နဲ့ XiFei ကတော့ အပြာရောင် mecha, Blue နဲ့။ ဟုတ်တယ် နာမည်ကို Blue လို့ ပေးထားတာပါ။ ပုံစံကြည့်ရတာ အိမ်ရှေ့စံက mecha အဖြူဆိုရင် White, အနက်ဆိုရင် Black လို့ ပေးမယ့် သဘောရှိတယ်။စစ်က ၂ နှစ်ထဲ ဝင်လာတဲ့အခါမှာ XiaoZhan တို့လည်း ကိုယ်စီ General ဖြစ်လာခဲ့ကြတယ်။ အဲဒီအချိန်မှာ Gamish Land က မမျှော်လင့်တဲ့ move တစ်ခုနဲ့ Tian Gu က ကလေးတွေကို ဖမ်းသွားတယ်။ ကလေးဆိုတာ ဆယ့်ရှစ်နှစ်အောက် ဆယ်ကျော်သက်တွေပါ။ aristocratic family က ကလေးတွေ ချည်းပါပဲ။ RuLan လည်း ပါသွားတာပေါ့။ အမှန်က သူတို့က Capital မှာ ရှိနေကြတာတော့ မဟုတ်ဘူး။ ကျောင်းက အနားက ဂြိုဟ်တစ်ခုကို လေ့လာရေးခရီးလွှတ်နေတဲ့ အချိန်မှာ လာဖမ်းသွားတာပါ။ ရေကန်အသင့် ကြာအသင့်ပေါ့။ တစ်ယောက်ချင်းစီ လိုက်စုနေစရာတောင် မလိုတော့ဘူး။ စစ်ဖြစ်နေတဲ့ ကာလအတွင်း ရန်သူတိုင်းပြည်ထဲဝင်ပြီး ဒီလို ဖမ်းသွားနိုင်ဖို့ ဆိုတာ တော်ရုံ ကျွမ်းကျင်မှုနဲ့တော့ မရဘူး။ သူတို့ဘက်က camouflage skill တွေ ကောင်းပုံနဲ့ Tian Gu ဘက်က အသုံးမကျပုံကို ဒီမှာ တွေ့ရနိုင်တယ်။ ပြောရရင် Tian Gu က Li family ကျသွားပြီးကတည်းက အဲဘက်မှာ Genius ဆိုတာ မရှိတော့သလိုပဲ။ ဆိုတော့ ဒီလိုဖြစ်တာ အံ့ဩစရာတော့ မဟုတ်ပါဘူး။
ဆက်ဖြစ်သွားတာတွေကတော့ XiaoZhan က ရှေ့တန်းမှာ တိုက်ခိုက်နေတုန်းမှာပဲ Gamish Land က သူတို့ဘက်မှာ ကလေးတွေရထားပြီဆိုပြီး ရုတ်တရက် ထကြေငြာတယ်။ တစ်ဆက်တည်းပဲ XiaoZhan ကို လက်နက်ချလိုက်ဖို့ ဖိအားပေးတာပေါ့။ အမှန်က စစ်မျက်နှာစာ ၃ ခု ဖွင့်ပြီး တိုက်နေတာပါ။ ကလေးတွေ ရှိတဲ့ နေရာက XiaoZhan လက်ရှိတိုက်နေတဲ့ မျက်နှာစာပဲ။ XiFei နဲ့ဆိုရင်တော့ အဝေးဆုံးပေါ့။
![](https://img.wattpad.com/cover/212554593-288-k25064.jpg)
YOU ARE READING
For You
Fanfiction(Unicode) အချို့လူတွေက ကိုယ်ပိုင်ယုံကြည်ချက်နဲ့ အနာဂတ်မှာ ဘာဖြစ်ချင်လဲ တိတိကျကျ သိကြတယ်။ အချို့ကတော့ လူတစ်ယောက်ကို အခြေခံပြီးမှ ကိုယ့်အိပ်မက်တွေကို သတ်မှတ်ကြတယ်။ Yibo က ဒုတိယ လူအမျိုးအစားပါ။ (Zawgyi) အချို့လူတွေက ကိုယ်ပိုင်ယုံကြည်ချက်နဲ့ အနာဂတ်မှာ...