Chapter 3

12.3K 1.5K 20
                                    

(Unicode)

XiaoZhan ရဲ့ သတင်းက အင်တာနက်မှာ ပျံ့လို့ မပြီးသေးဘူး မင်းသမီး Lisa ရဲ့ သတင်းက တစ်ခါ နေရာယူလာပြန်တယ်။ ဒီနေ့ မနက် တော်ဝင်မိသားစုက ထုတ်ပြန်လိုက်တဲ့ ကြေငြာချက်တစ်ခုကြောင့်ပေါ့။ Tian Gu တစ်ခုလုံး နောက်တစ်ခါ အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြပြန်တယ်။

"တကယ်ပဲ မင်းသမီးက လက်ထပ်တော့မှာလား။ ငယ်ငယ်လေးပဲ ရှိသေးတာကို။ ဒါကို ငါလက်မခံနိုင်ဘူး"

"ငါ့ရဲ့ ဝမ်းနည်းမှုကို ဖော်ပြပါရစေ။ General နဲ့ စေ့စပ်ပွဲပျက်သွားတော့ ငါ့အလှည့်ရောက်ပြီလို့ထင်ခဲ့တာ"

"အပေါ်ကလူ, မင်းသမီးကအပျိုကြီးသာ ဖြစ်လိမ့်မယ်။ မင်းအလှည့်ဆိုတာတော့ ရှိလာမှာ မဟုတ်ဘူး"

"General နဲ့ဆို သဘောတူပေမယ့် ခုလို တိုင်းတစ်ပါးက လူလက်ထဲတော့ ငါတို့မင်းသမီးကို ထည့်မပေးနိုင်ဘူး"

"အပေါ်ကလူ ဦးနှောက်မရှိဘူးလား။ တော်ဝင်မိသားစု ဖြစ်လာတာနဲ့ နိုင်ငံရေးအရ လက်ထပ်မှုတွေ ရှိလာမှာပဲ။ ဒါတွေ ငါတို့ သိထားရမယ်"

ဟုတ်ပါတယ်။ လွန်ခဲ့တဲ့ တစ်ပါတ်က အိမ်ရှေ့စံ XiFei မြို့တော်ကို ပြန်လာတာဟာ သူ့ညီမရဲ့ မင်္ဂလာပွဲကို ဆွေးနွေးဖို့ ဖြစ်တယ်။ Tian Gu နဲ့ ၂ နှစ်နီးပါး တိုက်ခိုက်နေတဲ့ Gamish Land ဟာ နည်းပညာဖွံ့ဖြိုးတိုးတက်လွန်းတာကြောင့် သူ့ရဲ့ ခြိမ်းခြောက်မှုက တစ်နေ့တစ်ခြား ကြီးမားလာတယ်။ ဒီအတိုင်း ဆက်သွားရင် တစ်နေ့မဟုတ်တစ်နေ့ Tian Gu ဟာ Gamish Land လက်အောက် ရောက်မှာ သေချာသလောက်ပဲ။ ဆိုတော့ မိတ်ဖက်နိုင်ငံတွေ ဖွဲ့ဖို့ လိုအပ်လာတဲ့အခါမှာ အင်ပိုင်ယာ ဟာ ရှေးအကျဆုံးနဲ့ အထိရောက်ဆုံး ဖြစ်တဲ့ နှစ်နိုင်ငံရွှေလမ်းငွေလမ်းဖောက်တဲ့ ဗျူဟာကို အသုံးပြုရတော့တယ်။

နောက်တစ်လအကြာမှာတော့ စေ့စပ်ပွဲအတွက်လာရောက်တဲ့ Huan Ji က သံတမန်တွေကို ကြိုဆိုတဲ့ အခမ်းအနားတစ်ခု LanXi မှာ ဖြစ်လာတော့တယ်။ LanXi က Tian Gu ရဲ့ ကျက်သရေဆောင် နေရာတစ်ခုဖြစ်တာကြောင့် အားလုံးက တစ်ဖက်က သံတမန်တွေကို ကြိုဖို့ ဒီနေရာကိုပဲ ရွေးချယ်လိုက်ကြတာ။ Spaceship တစ်စီး ဆင်းသက်ဖို့ နေရာရှိတာလည်း ပါတာပေါ့။

For YouTahanan ng mga kuwento. Tumuklas ngayon