Chapter 35 (Extra 2)

11.5K 1.3K 137
                                    

(Unicode)

နောက်နေ့မနက်မှာတော့ Yibo နဲ့ XiaoZhan ဟာ အနက်ရောင်နဲ့ အဖြူရောင်ပဲ ကွဲတဲ့ ဒီဇိုင်းတူ ဝတ်စုံကို ဝတ်ပြီး မီးခိုးရောင် Si Zhui နဲ့အတူ ဖွင့်ပွဲကို ရောက်သွားကြတယ်။ သူတို့ကို မသိတဲ့လူတွေအတွက် ဆိုရင်တော့ ဒီ ၃ ယောက်က ဘယ်လိုပဲကြည့်ကြည့် မိသားစုနဲ့ကို တူနေတော့တာ။ အထူးသဖြင့် Yibo က Si Zhui ကို အငယ်လို ဆက်ဆံတဲ့ အခါမှာပေါ့။ Si Zhui က သူ့ထက် နှစ်အနည်းငယ်သာ ငယ်တယ်ဆိုပေမယ့် Yibo ဟာ XiaoZhan နဲ့ တွဲပြီးကတည်းက သူ့ကိုယ်သူ generation တစ်ဆင့်မြှင့်ပြီး တွေးပါတယ်။ ဒါနဲ့ပဲ ဒီလိုမျက်စိကျိန်းလောက်စရာ ၃ ယောက် ဝင်လာတဲ့အခါ အားလုံးရဲ့ အာရုံတွေက သူတို့ဆီ စုပြုံကျရောက်လာတယ်။

Yibo နဲ့ XiaoZhan ကို လွန်ခဲ့တဲ့ ၂ နှစ်က network မှာတင်ခဲ့တဲ့ relationship status ကြောင့် စုံတွဲအဖြစ် သိခဲ့ရပေမယ့် ဒီကိစ္စကို သံသယဝင်နေသေးတဲ့လူတွေလည်း ရှိပါတယ်။ သူတို့အနေနဲ့ ဒီဇာတ်လမ်းထဲက ဇာတ်ကောင် ၂ ယောက်ကို တိုက်ရိုက်သွားမေးနိုင်တဲ့ အခြေအနေမဟုတ်လို့သာ ကောလဟာလနဲ့ သုံးသပ်နေကြရတာ။ သူတို့ဒီလို သံသယဝင်တာလည်း ဝင်လောက်စရာ အကြောင်းရှိလို့ပဲ။Yibo တို့ ၂ ယောက်လုံးရဲ့ account တွေကို သွားကြည့်ရင် ၂ ယောက်အတူတွဲရိုက်ထားတဲ့ပုံ တစ်ပုံမှ တွေ့ရမှာ မဟုတ်ဘူး။ ဒါက သူတို့မအားလို့ ဒီလိုဖြစ်ရတယ်ဆိုပေမယ့် ဘေးလူတွေအနေနဲ့ကတော့ သီအိုရီမျိုးစုံ ထုတ်ဖို့ ဖြစ်လာခဲ့တယ်။

"ဆရာ Xiao ပဲ။ သွားနှုတ်ဆက်ရအောင်"

Yibo တို့ကို မြင်တဲ့ အုပ်စုထဲမှာ Wen မောင်နှမ ၂ ယောက်လည်း ပါတယ်။

"Jie ခဏ အဲကောင်လေးက...."

Wen Ning က XiaoZhan တို့ နောက်မှာ ရှိတဲ့ Si Zhui ကို လက်ညှိုးညွှန်ပြတယ်။ ပြီးတော့ သူ့ light brain ကို ဖွင့်ရှာပြီး ပါးစပ်ကလည်း တစ်ဆက်တည်း ရှင်းပြတယ်။

"သူက တတိယ ဦးလေး ရှာခိုင်းခဲ့တဲ့ Ah Yuan နဲ့ ဆင်သလိုပဲ"

ဒီအတောအတွင်း ပြဿနာတွေအများကြီး ပေါ်ခဲ့လို့ Ah Yuan အကြောင်းကို မေ့နေခဲ့ပေမယ့် ခုလို မျက်စိရှေ့တည့်တည့်ပေါ်လာတဲ့အခါမှာတော့ သူ့ဦးနှောက်က အလိုလို သတိပေးလာသလိုပဲ သူမြင်ဖူးတဲ့ ဓာတ်ပုံထဲက ပုံရိပ်ကို တန်းပြီး အမှတ်ရတယ်။

For YouWhere stories live. Discover now