Chapter 26

9.5K 1.2K 76
                                    

(Unicode)

XiFei ရေချိုးအဝတ်အစားလဲပြီး control room ထဲ ဝင်သွားတော့ အလုပ်များနေတဲ့ သူ့ captain ၄ ယောက်ကို တွေ့ရတယ်။

"General"

"General"

"အခြေအနေ ဘယ်လိုရှိလဲ"

"Eagle က စစ်ကူလှမ်းတောင်းတဲ့အတွက် ကျွန်တော်တို့ battleship တွေ ပို့ပေးဖို့ ပြင်နေပါတယ် General"

"Eagle က စစ်ကူတောင်းရတယ်ဆိုတော့ Heaven ရော အဆင်ပြေရဲ့လား။ သူတို့မှာ General မရှိတာကို"

သူ့မေးခွန်းကို Captain Bing က ဖြေပေးတယ်။

"သူတို့က အဆင်ပြေမှာပါ General. လောလောဆယ် Major General က ကြီးကြပ်ပေးနေတယ်။ နောက်ပြီး သူတို့မျက်နှာစာက ရန်သူတပ်တွေကလည်း Eagle ရှိတဲ့ အနောက်ဘက်ကို သွားနေတာမို့ ရန်သူ အင်အားလည်း မရှိသလောက်ပဲ"

Bing က သူ့ကို ဖြေသာဖြေနေရတယ် စိတ်ထဲမှာ မေးခွန်းတွေ အများကြီးပဲ။ General က General XiaoZhan ရဲ့ Heaven ကို စိတ်ပူနေတုန်းပဲ။ ဒါဆို ဘာလို့ အဲဒီ Beta လေးနဲ့ အိပ်လိုက်တာလဲ။ အပျော်ပဲလား။ ဒါပေမယ့် သူတို့ General က ဘယ်တုန်းကမှ အပျော်လိုက်စားခဲ့တဲ့ သူမဟုတ်ဘူး။ တစ်ယောက်ယောက်နဲ့ ကတိပေးထားခဲ့ပြီးပြီဆိုရင် နောက်တစ်ယောက်ကို လှည့်ကြည့်မှာ မဟုတ်ဘူး။ ဒါမှမဟုတ် General XiaoZhan က လက်ထပ်ဖို့ ဒီတစ်ယောက်က ကလေးမွေးပေးဖို့လား။ သူတကယ်ပဲ မသိတော့ဘူး။

XiFei က ဒီရက်ပိုင်းအတွင်းဖြစ်ခဲ့တာတွေရဲ့ report ကို နားထောင်ပြီးတာနဲ့ သူ့အခန်းထဲဝင်ပြီး Ben ပို့လာမယ့် အချက်အလက်တွေကိုသာ မျှော်တော့တယ်။ ဒါပေမယ့် ကလေးတွေက ကလေးတွေပါပဲ။ Ben ပြောခဲ့တဲ့ ညကျရင် ဆိုတာ နောက်နေ့မနက်မရောက်ခင် တစ်မိနစ် အလို မှန်း ခုလို ကိုယ်တိုင်ကြုံမှ သူသဘောပေါက်ရတော့တယ်။ message က ည ၁၁:၅၉ မှာ ရောက်လာတာ။ မဆိုးပါဘူး deadline တော့ မီသားပဲ။

ဒီနေရာမှာ Ben က သူ ရှာခိုင်းတာအပြင် မရှာခိုင်းတာတွေပါ ထည့်ပေးလိုက်တယ်။ ဟုတ်တယ် အဲဒီ Omega ရဲ့ နာမည်က Chu Lan။ နောက်ပြီး သူ​က Alan ရဲ့ မြေး။ XiFei ခန့်မှန်းပြီးသားမို့ သိပ်တော့ မအံ့ဩမိဘူး။ ဒါပေမယ့် သစ္စာဖောက်ခံရသလိုမျိုးတော့ ခံစားရတယ်။ ဒါက သူ့လက်အောက်ငယ်သားက နောက်ကျောဓါးနဲ့ ထိုးတာနဲ့ မတူဘူး။ အဲဒါက ခံသာသေးတယ်။ ခုက ကိုယ်လေးစားခဲ့ဖူးတဲ့ လူတစ်ယောက်က ခုလို သေးသိမ်တဲ့ လုပ်ရပ်တွေ လုပ်နေတယ်ဆိုတာကို ခံပြင်းတာ။ XiaoZhan ကို သဘောကျသလို ချီးကျူးသလိုနဲ့ စကားလုံးလှလှလေးတွေ သုံးပြီး သေတွင်းပို့နေတာ။ သူ့မှာ ကိုယ့်စကားကို ငြင်းဆန်ပိုင်ခွင့် မရှိမှန်း သိရဲ့သားနဲ့လေ။

For YouWhere stories live. Discover now