Chapter 22

8.4K 1.2K 41
                                    

(Unicode)

ဖြစ်ပျက်သွားတာတွေက မြန်ဆန်လွန်းလို့ XiaoZhan ရုတ်တရက် ဘယ်လိုတုန့်ပြန့်ရမလဲမသိ ဖြစ်သွားတယ်။ ဘယ်ကနေ ဘယ်လို ဒီလိုအခြေအနေတွေ ရောက်သွားတာလဲ။

"Yi.. Yibo"

XiaoZhan ရဲ့ ခေါ်သံတိုးတိုးကို ကြားတော့ Yibo က ဖက်ထားရာက လွှတ်ပေးတယ်။ တစ်သက်လုံး မလွှတ်ချင်ပေမယ့် လောလောဆယ်မှာ မလုပ်မဖြစ် လုပ်ရမယ့် ကိစ္စတွေ ရှိသေးတယ် မဟုတ်လား။

XiaoZhan က သူ့လက်က လွတ်တာနဲ့ Yibo ကို စေ့စေ့မကြည့်ပဲ သူ့ light brain ထဲက file တစ်ခုကို လွှဲပေးတယ်။  ခုနက ဖြစ်သွားတဲ့ ambiguous အနေအထားကို အတင်းမသိချင်ယောင်ဆောင်ထားရင်းနဲ့ပေါ့။

"Yibo, ကျွန်တော် တစ်ခုခု ဖြစ်သွားခဲ့ရင် ဒီ file ကို Si Zhui ကို ပေးပေးပါ။ အရေးကြီးတာကြောင့် သေချာစောင့်ရှောက်ဖို့လိုတယ်။ မင်းမှာ ရှိတာကိုလည်း ဘယ်သူမှ မသိပါစေနဲ့ အန္တရာယ်ရှိလာနိုင်တယ်။ နောက်ပြီး...."

"General ပြန်လာမှာပါ။ အဲဒီအခါကျမှ General ကို ကျွန်တော်ကိုယ်တိုင် ပြန်ပေးပါ့မယ်"

Yibo က သူ့စကားကို ဖြတ်ပြောတယ်။

XiaoZhan က Yibo စကားကို ငြင်းလည်း မငြင်း အင်း လည်း မချပဲ သူ့ light brain ထဲက file ကိုပဲ ဖျက်လိုက်တယ်။ ဒီလိုမျိုး ရုတ်တရက် ပြောင်းလဲသွားတဲ့ Yibo ကို ဘယ်လိုရင်ဆိုင်ရမှန်းမသိလို့ ဘာမှ ပြန်မပြောတာလည်း ပါတယ်။ ဒီလောက်ဆို file ကို ဘာလုပ်ရမလဲ သူလည်း သဘောပေါက်လောက်မှာပါ။

အဲဒီနောက် XiaoZhan က Yuri ကို အချက်ပြပြီး သူ့ရဲ့ A class Saber နဲ့ base က ထွက်သွားတော့တယ်။ အားလုံးကတော့ main screen ကနေပဲ ကြည့်နေကြရတာပေါ့။

"Captain Yuri, Wrath of Thunder ချိန်ထားပြီးသား ရှိတယ် မဟုတ်လား"

Control room ထဲမှာ Captain Karl က Yuri ကို မေးတယ်။

"ချိန်ထားပြီးသားပါ။ Battleship က လက်နက်တွေအားလုံးလဲ တစ်ဖက်က mecha ကို ချိန်ထားပြီးသားပါ။ တစ်ခုခု မရိုးသားတာ တွေ့တာနဲ့ ပစ်ဖို့ အဆင်သင့်ပါပဲ"

Karl က နားထောင်ပြီးတော့ သက်ပြင်းတစ်ချက်ချလိုက်တယ်။

"မင်းတို့ ပြောကြည့်ပါဦး ဒီနှစ်ပိုင်းအတွင်း ငါတို့ General target ထားခံနေရတယ်လို့ မထင်မိဘူးလား"

For YouDonde viven las historias. Descúbrelo ahora