Chapter 24

10.4K 1.3K 183
                                    

(Unicode)

​Chapter တစ်ခုကို အကြွေးမှတ်ထားပေးပါရှင်။ မနက်ဖြန် အတိုး ၂ ခုနဲ့ စုစုပေါင်း Chapter ၃ ခု ထပ်တင်ပေးပါ့မယ်။ 🙇‍♀️

"အိမ်ပြန်ကြရအောင် General, အိမ်ပြန်ကြစို့"

Yibo သူ့လက်ထဲက ပစ္စည်းကို မြေပြင်ပေါ်ပစ်ချလိုက်တယ်။ တကယ်ပဲ သူ့လက်ထဲမှာ ထားရတာ ရွံလွန်းလို့။ အဲဒီနောက် ယာဉ်ထဲက မထွက်ရသေးတဲ့ XiaoZhan ကို ပွေ့ချီပြီး Flame ပေါ် ပြန်တက်လာခဲ့တယ်။

"Master, သူတို့ဘက်က စစ်ကူတွေ ရောက်လာပြီ"

"ထိပ်တိုက်မတွေ့နဲ့။ မင်းကိုယ်မင်း ကိုယ်ဖျောက်ပြီး သူတို့ကို ရှောင်နိုင်ဖို့ ကြိုးစားပါ"

အခု Mecha ထဲမှာ Yibo တစ်ယောက်တည်း မဟုတ်ပဲ XiaoZhan ပါ ရှိနေတဲ့ အတွက် ဖြစ်နိုင်ရင် တိုက်ပွဲကို သူ တတ်နိုင်သမျှ ရှောင်ချင်ပါတယ်။ Cockpit ထဲမှာ ဘယ်လောက်ပဲ တည်ငြိမ်ပါတယ်ဆိုဦးတော့ တိုက်ခိုက်နေတဲ့အချိန်မှာ ဘယ်သူမှ အေးအေးဆေးဆေး အနားယူနိုင်မယ်လို့ မထင်ဘူး။

Yibo ရဲ့ စကားဆုံးတာနဲ့ Flame က သူ့ရဲ့ Stealth ability ကို ဖွင့်လိုက်တယ်။ ဒီခေတ်မှာ Stealth ဆိုတိုင်း ရေဒါမှာ မမြင်ရတာတော့ မဟုတ်ဘူး။ ၂ ခုက အမြဲတမ်း ပြိုင်နေကြတာ။ ဥပမာ တစ်ဖက်က stealth ability ကိုမြှင့်ရင် တစ်ဖက်ကလည်း သူ့ကို ထောက်လှမ်းနိုင်အောင် ရေဒါရဲ့ detection ကိုမြှင့်ကြပြန်တယ်။ တစ်ခါ battleship နဲ့ Mecha တွေဘက်ကလည်း ရေဒါမှာ မမိအောင် သူတို့ရဲ့ stealth ability ကို ထပ်မြှင့်ကြပြန်တယ်။ ဟိုဘက်ကမြှင့် ဒီဘက်ကလိုက်ပေါ့။ ဒီလိုနဲ့ နည်းပညာတွေရဲ့ ထုံးစံအတိုင်း generation နောက်ရောက်တဲ့တစ်ခုက နိုင်တာပဲ။ Flame ရဲ့ stealth ability ဟာ မနေ့တစ်နေ့ကမှ ထွက်လာတာ ဖြစ်လို့ နောက်ဆုံးတကာ့ နောက်ဆုံး generation ပေါ့။ ဒါကြောင့် မကြာခင် ဒီနေရာကို ရောက်လာမယ့် ရန်သူဘက်က စစ်ကူတွေကို ကိုယ်ယောင်ဖျောက်နိုင်ခဲ့တယ်။

XiaoZhan ကို cockpit ထဲက ထိုင်ခုံမှာ ချပြီးတာနဲ့ Yibo သူ့လက်က light brain ကို တစ်ချက်ကြည့်လိုက်တယ်။ Jing Yi ပြောတဲ့ အစိမ်းရောင် အမှတ်အသားဆိုတာ ရောက်မလာသေးဘူး။ သူပြန်ရမှာလား မပြန်ရဘူးလား။

"Flame, အရင်ဆုံး သူတို့ပိုင်နက်ထဲက ထွက်ပြီး international space [1] ထဲကို ဝင်လိုက်ပါ"

For YouWhere stories live. Discover now